Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် ဓာတ်​ဆီကို ညအိပ်တန်းစီဝယ်ယူရသည်အထိ ခက်ခဲလာ

ဇူလိုင် ၂၉ရက်မှစတင်ကာ မန္တလေးမြို့၌ ဆီဘောက်ဆာကားမဝင်၍ဟုဆိုကာ စက်သုံးဆီဆိုင်အချို့ပိတ်ထားခြင်း၊ ဖွင့်သည့်ဆီဆိုင်များကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချခြင်းများကြောင့် စက်သုံးဆီဝယ်ယူရာတွင် ညအိပ်တန်းစီရသည်အထိ အချိန်ပေးဝယ်ယူနေရပြီဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

စက်သုံးဆီ တန်းစီဝယ်ယူနေသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် စက်သုံးဆီ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး ဆီဆိုင်ရှေ့ညအိပ် တန်းစီဝယ်ယူရသည်အထိ ခက်ခဲလာကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၉ရက်မှစတင်ကာ မန္တလေးမြို့၌ ဆီဘောက်ဆာကားမဝင်၍ဟုဆိုကာ စက်သုံးဆီဆိုင်အချို့ပိတ်ထားခြင်း၊ ဖွင့်သည့်ဆီဆိုင်များကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချခြင်းများကြောင့် စက်သုံးဆီဝယ်ယူရာတွင် ညအိပ်တန်းစီရသည်အထိ အချိန်ပေးဝယ်ယူနေရပြီဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကိုင်းလမ်းခွဲ BOC ည ၁နာရီ၂နာရီကတည်းက တန်းတဲ့သူတွေရှိတယ်။ မနက် ၅ နာရီဆိုရင် စရောင်းတော့ ညကတည်းက လာစောင့်ကြတာ။”ဟု ချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

(၇၈)လမ်း စစ်ကိုင်းလမ်းခွဲ BOCဆိုင်၌ တန်းစီသူများပြားလွန်း၍ ကားတန်းနှင့် ဆိုင်ကယ်အတန်းမှာ မြို့ဟောင်းစျေးအနီးထိပင် ရောက်ရှိလာပြီး မန္တလေးအခေါ် (၁၂)ပြခန့်ထက်မနည်း ရှည်လျားနေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

အလားတူ ရောင်းချပေးနေသည့်အခြားဆီဆိုင်များတွင်လည်း ယာဥ်တန်းရှည်များဖြင့် ပိတ်ဆို့နေပြီး နာရီနှင့်ချီ၍ စောင့်ဆိုင်းနေရသည်ဟု မြို့ခံများက ဆိုသည်။

“ညနေ ငါးနာရီကတန်းတာ။ ညရှစ်နာရီကျော်မှရတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အချိန်ပေးဝယ်ယူရသော်လည်း ဆိုင်ကယ်တစ်စီးလျှင် ကျပ်(၃,၀၀၀)မှ (၅,၀၀၀)၊ ကားတစ်စီးလျှင် ကျပ်(၅၀,၀၀၀)ဖိုးသာ ရောင်းချပေး၍ စက်သုံးဆီမလုံလောက်သည့်ပြဿနာ ရင်ဆိုင်နေရသည်ဟု မြို့ခံများက ပြောသည်။

ထို့ကြောင့် စက်သုံးဆီ ပြင်ပပေါက်စျေးများလည်း မြင့်တက်လာပြီး 92 တစ်လီတာလျှင် ကျပ်ခြောက်ထောင်ဝန်းကျင်အထိ စျေးတက်နေသော်လည်း လိုသလောက်ဝယ်ယူ၍မရကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီအား ၎င်းတို့သတ်မှတ်ထားသည့်နှုန်းထားအတိုင်းသာ ရောင်းချခိုင်းပြီး ရွှေစျေး၊ ဒေါ်လာစျေးများ ကမောက်ကမဖြစ်တိုင်း စက်သုံးဆီပြတ်တောက်မှု မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။