Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စက်သုံးဆီ တစ်လီတာကို ပြင်ပစျေး ကျပ်ရှစ်ထောင်ထိ ပေါက်စျေးရှိနေ

စက်သုံးဆီပြတ်လပ်မှု ကြုံ့တွေ့နေရတဲ့ မန္တလေးမြို့မှာ စက်သုံးဆီ တစ်လီတာကို ပြင်ပစျေးကွက်မှာ ကျပ် ရှစ်ထောင်ထိ ပေါက်စျေး ရှိနေတယ်လို့ ဝယ်ယူခဲ့တဲ့ မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးမှာစက်သုံးဆီရဖို့ တန်းစီနေရပုံ (ဓာတ်ပုံ - လူမှုကွန်ရက်)

ဆိုင်းမင်း/People’s Spring

စက်သုံးဆီပြတ်လပ်မှု ကြုံ့တွေ့နေရတဲ့ မန္တလေးမြို့မှာ စက်သုံးဆီ တစ်လီတာကို ပြင်ပစျေးကွက်မှာ ကျပ် ရှစ်ထောင်ထိ ပေါက်စျေး ရှိနေတယ်လို့ ဝယ်ယူခဲ့တဲ့ မြို့ခံတွေဆီကသိရပါတယ်။

စက်သုံးဆီဆိုင်ကြီးတွေမှာ လူသုံးများတဲ့ ၉၂ ၊ ၉၅ ဓာတ်ဆီအမျိုးအစား လိုသလောက်ဝယ်မရဘဲ အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပ ဆိုင်တွေမှာ လိုတဲ့ဆီပမာဏ ကို ဝယ်နေရတာပါ။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်ဆိုရင် တစ်စီးကို ကျပ်ငါးထောင်ဖိုး ၊ ကားတစ်စီးကို ကျပ်သုံးသောင်းဖိုး ထိသာ ဆီဆိုင်တွေက ရောင်းချပေးတာလို့ မန္တလေးမြို့ခံတွေထံသိရပါတယ်။

ဒါအပြင် နာရီနဲ့ချီပြီး တန်းစီစောင့်ဆိုင်းကာ ဝယ်ယူရတဲ့အခြေအနေကို မန္တလေးမြို့ခံတွေ ရင်ဆိုင်နေရတာဟာ ရက်ပိုင်းကြာမြင့်လာပါပြီ။

“အလုပ်သွား အလုပ်ပြန်နဲ့ဆိုတော့ ဆီလည်းမတန်းနိုင်သလို၊ အခုကတန်းလို့ကိုမရတော့တာ” လို့ ဆိုင်ကယ်ကို အလုပ်သွားအလုပ်လာအသုံးပြုနေရတဲ့ မန္တလေးမြို့ခံအမျိုးသားတစ်ဦီးက ပြောပါတယ်။

သွားလာရေးအတွက် ဆိုင်ကယ်ကို အဓိကထားအသုံးပြုရတဲ့ မန္တလေးမှာ စက်သုံးဆီပြတ်လပ်မှု ဟာ မြို့ခံတွေအတွက်နေ့စဉ်ကြုံလာရတဲ့ ကြီးမားတဲ့ အခက်အခဲ ဖြစ်နေတာပါ။

စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ ပြည်တွင်းမှာ ဆီပြတ်လပ်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

လက်ရှိမှာ မိုးကြီးတာနဲ့ ရေကြီးတာကြောင့် ဆီသိုလှောင်ကန်တွေရှိရာ သီလဝါ ဆိပ်ကမ်းမှာ လုပ်ငန်း ဆောင်ရွက်မှု နှောင့်နှေးစေတာ ၊ ဆီသယ်ယာဉ်တွေ ဒေသအသီးသီးကိုသွားလာရာမှာ လမ်းပန်းဆက် သွယ်ရေး အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီဘက်က အကြောင်းပြထားတာပါ။

စစ်ကောင်စီအာဏာသိမ်းထားချိန်အတွင်း ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု ကို မကြာခဏဆို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။