Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား မောင်နှမနှစ်ဦး ထိုင်းထီနှစ်စောင်တွဲဖြင့် ဘတ် ၁၂သန်းဆွတ်ခူး

ဩဂုတ် ၁ ရက်က ဖွင့်လှစ်သည့် အမြင့်ဆုံးဆုဖြစ်သော ထိုင်းအစိုးရထီနံပတ် ၄၀၇၀၄၁ ဂဏန်း နှစ်စောင်တွဲဖြင့် တစ်စောင်လျှင် ဘတ် ၆သန်း စုစုပေါင်း ဘတ် ၁၂သန်း ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား မောင်နှမနှစ်ဦး ဘတ်‌‌ခြောက်သန်း ထိုင်းထီနှစ်စောင်တွဲ ဆွတ်ခူးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၁ ရက်က ဖွင့်လှစ်သည့် အမြင့်ဆုံးဆုဖြစ်သော ထိုင်းအစိုးရထီနံပတ် ၄၀၇၀၄၁ ဂဏန်း နှစ်စောင်တွဲဖြင့် တစ်စောင်လျှင် ဘတ် ၆သန်း စုစုပေါင်း ဘတ် ၁၂သန်း ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ထိုင်းထီ နှစ်စောင်တွဲဆွတ်ခူးသူမောင်နှမနှစ်ဦးသည် ကရင်ပြည်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ ကော်ထုတ်လုပ်ရေးစက်ရုံ၌ မိသားစုဝင်များနှင့်အတူ အလုပ်လုပ်ကိုင်နေသည်မှာ (၈)နှစ်ခန့်ရှိပြီဟု ထိုင်နိုင်ငံရောက် မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသည့် (M.H.A.C)မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

“ထီပေါက်တဲ့ မောင်နှမနှစ်ဦးရဲ့ လုံခြုံရေးပိုင်းပါ တာဝန်ယူပြီး‌တော့ ဆုငွေလိုက်ပြီးထုတ်ပေးခဲ့ပါတယ်”ဟု ကိုရဲမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်းရောက်မြန်မာလုပ်သားများသည် ထိုင်းအစိုးရ၏ ထီဆုများအား မကြာခဏဆွတ်ခူးလေ့ရှိပြီး ဧပြီလအတွင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာဇနီးမောင်နှံနှစ်ဦး ဘတ်‌‌‌ခြောက်သန်းထီဆု ဆွတ်ခူးခဲ့သေးသည်။

ယခုအခါ မြန်မာပြည်ရှိ ပြည်သူများကလည်း ထိုင်းအစိုးရရောင်းချသော ထီလက်မှတ်များအား ကံစမ်းလေ့ရှိကြသလို လူမှုကွန်ရက်မှတဆင့် ထိုင်းထီလက်မှတ်ရောင်းချမှုများလည်း အများအပြားတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။