Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ထဲ တိုက်ပွဲတွေ နီးကပ်လာချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှုးအချို့ တိမ်းရှောင်

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်ထဲ တိုက်ပွဲတွေ နီးကပ်လာချိန်မှာ ကျေးရွာအချို့ က အုပ်ချုပ်ရေးမှုး တွေစတင်တိမ်းရှောင်တာ ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် ​ရပ်ကွက် နဲ့ ကျေးရွာတွေရဲ့ တည်နေရာပြမြေပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်ထဲ တိုက်ပွဲတွေ နီးကပ်လာချိန်မှာ ကျေးရွာအချို့ က အုပ်ချုပ်ရေးမှုး တွေစတင်တိမ်းရှောင်တာ ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

အုပ်ချုပ်ရေးမှုးတွေ တိမ်းရှောင်သွားတဲ့ ကျေးရွာ ၅ ရွာရဲ့ စာရင်းကို People’s Spring က ရရှိထားပါတယ်။

” အိမ်မှာကိုမနေရဲလို့ ထွက်ပြေးသွားတာ၊ ဧည့်စာရင်းလည်း တခြားရွာဘက်က လူကြီးကို သွားတိုင်နေရတယ်” လို့ စစ်ကောင်စီတပ်ရင်းတွေ ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရတဲ့ နှမ်းကြဲရွာနဲ့ ၄ မိုင်ခန့် ဝေးတဲ့ ကျေးရွာ မှာနေထိုင်သူ အသက် ၅၀ အရွယ်အမျိုးသမီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်းထဲ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာပြီး မန္တလေးမြို့ ပေါ် နဲ့သိပ်မဝေးတဲ့ ပုသိမ်ကြီး မြို့နယ်အစပ်နားထိပါ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်လာတာရှိလာတာပါ။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်း မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်နားက အယ်လ်ဖာ ဘိလပ်မြေစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို မန္တလေး PDF က သိမ်းယူနိုင်ခဲ့ပါတယ်။

အဲဒီ စခန်း ကိုပြန်ရဖို့ စစ်ကောင်စီက အင်အားဖြည့်ပြီး ပြန်လည်တိုက်ခိုက်ရာမှာ တိုက်ပွားဖြစ်ပွားသံကို ပုသိမ်ကြီးမြို့ပေါ်က ပါ ကြားခဲ့ရတာတွေ ရှိခဲ့တာပါ။

ဒါအပြင် ပုသိမ်ကြီးမြို့နယ် ၊ နှမ်းကြဲရွာ မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းတွေ ပြီးခဲ့တဲ့လအတွင်း မှာပဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခံရပါတယ်။

အခုလို တိုက်ပွဲဧရိယာ ပုသိမ်ကြီးမြိုနယ်ထဲထိသက်ရောက်လာချိန်မှာတော့ ကျေးရွာအချို့က အုပ်ချုပ်ရေးမှုတွေ စတင်တိမ်းရှောင်တာတွေရှိလာတာလို့ ဒေသခံတွေထံကသိရတာပါ။

“ဧည့်စာရင်းတောင် သူ့မိန်းမဆီတိုင်ရတာ” လို့ ပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းရှိကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ရပ်ကျေး အုပ်ချုပ်ရေးမှုးတွေ သတ်ဖြတ်ခံရမှု အများဆုံးဟာ ပုသိမ်ကြီးမြို့နယ်က ဖြစ်ပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှု ၂၀ ဦးထက်မနည်း အသတ်ခံရတာပါ။

ပုသိမ်ကြီးမြို့နယ်ကို ကျေးရွာအုပ်စု ၅၈ စု ၊ ကျေးရွာပေါင်း ၁၄၀ နဲ့ဖွဲ့စည်းထားပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေကလည်း ပုသိမ်ကြီးမြို့နယ်ထဲက ရွာတွေကို တစ်ရက်ခြားဆိုသလို ဧည့်စာရင်း ဝင် စစ်တာရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Facebook