သုည/People’s Spring
မန္တလေးမြို့ တစ်နေရာတွင် တော်လှန်လူငယ်များက ရှစ်လေးလုံးအရေးတော်ပုံ (၃၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှု ယနေ့ (သြဂုတ် ၈) ပြုလုပ်ခဲ့သည်။
လူငယ်အချို့က “မဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း” စာတန်းပါ ဘန်နာကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့သည်။
ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်စွာလှည့်လည်နေသော်လည်း လူငယ်များက ရှစ်လေးလုံးအရေးတော်ပုံနေ့ လှုပ်ရှားမှုကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေသည်။