Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တိုက်ပွဲတွင် စစ်ကောင်စီ ၂၀ဦးထက်သေဆုံး

ကချင်ပြည်နယ် ​ဒေသအချို့ ၌ ဖုန်းလိုင်းအချို့ ပြန်ရ

မတ် ၇ ရက်စတင်​သော KIA ၏ ၀၇၀၃ ထိုးစစ်တွင် ​ရှေ့တန်း၌ တိုက်ပွဲဝင်​နေ​သော KIA တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-CJ

ဇော်ရမ်း/People’s Spring

စစ်​ကောင်စီက. ကချင်ပြည်နယ်၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်ထားသည့်ကာလတွင် ဝိုင်းမော်မြို့အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ၂ဝဦးထက်မနည်းသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ဝိုင်းမော်မြို့၊ ခတ်ချိုရွာအနီးတွင် ဩဂုတ်လ ၃ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဟု ​ဒေသခံများကပြောသည်။

“မိုးတွေရွာနေတဲ့အချိန် စစ်တပ်ဘက်ကတက်လာတာကို PDF တွေက စောင့်တွယ်တာ။ ၂၀လောက်သေတယ်။ အလောင်းတွေပါ ထားခဲ့ရတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီကကချင်ပြည်နယ်တွင် ဇူလိုင်လ ၂၁ ရက်မှစ၍ ဖုန်းလိုင်းများအားလုံးဖြတ်တောက်ခဲ့သည်။ ယနေ့(ဩဂုတ်လ ၉ရက်) နံနက်ပိုင်းတွင်မူ မြို့နယ်အချို့၌ MPT ဖုန်းလိုင်းပြန်ရခဲ့သည်။

“အကြီးပိုင်းနှစ်ကောင်စလုံး မပခ( မြောက်ပိုင်းစစ်ဌာနချုပ်)ထဲ လာသွားတယ်ကြားတယ်။ ဖုန်းလိုင်းတွေ ဖြတ်ပြီး ဘာတွေလုပ်နေတယ်တော့မသိဘူး။ လက်နက်ကြီးတွေကတော့ နေ့တိုင်းလိုလိုပစ်နေခဲ့တယ်” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

ဖုန်းလိုင်းများပြတ်တောက်နေစဉ်ကာလအတွင်း ဝိုင်းမော်မြို့အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်သည့်ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်ဟု သတင်းမှားများထွက်ပေါ်ခဲ့​သေးသည်။

KIAဦးဆောင်သည့်ပူးပေါင်းတပ်များသည် ဩဂုတ်လ ၁ ရက်မှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ပြန်လည်စတင်ခဲ့ပြီး မြစ်ကြီးနား၊ ဗန်းမော်မြို့အနီးမှ စစ်ကောင်စီစခန်းအချို့ကိုတိုက်ခိုက်ခဲ့သည်။

ဩဂုတ်လ ၁ ရက်မနက်မှစ၍ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းရှိ စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင်တိုက်လိုက်ခဲ့ရာ ဩဂုတ် ၂ရက်မနက်တွင်

တီယန်ဇွပ်ရွာအနီးရှိ စစ်ကောင်စီ စခန်း ၃ခု ကိုသိမ်းပိုက်နိုင်ခဲ့သည်။ဆက်လက်၍ ဩဂုတ် ၃ရက် တွင် အင်ဆွပ်ရွာ စစ်ကောင်စီစခန်းကိုလည်းထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။

ထိုအပြင် မိုး​မောက်မြို့နယ်တွင် ကျန်ရှိ​နေ​သော ခမရ ၄၃၈ တပ်ရင်းကိုလည်း KIA ဦး​ဆောင်​သောပူး​ပေါင်းတပ်များ ကအပြီးသတ်သိမ်းပိုက်နိုင်ရန်ဇူလိုင် ၂၄ရက်မှ၍ ပြန်လည် ထိုးစစ်ဆင်နေသည်။

သို့​သော် မိုးမောက် ခမရ(၄၃၇) တပ်စခန်း တိုက်ပွဲမှာလည်း နှစ်ဖက်တပ်များ ဆက်ရှိနေဆဲဖြစ်သည်။

ဝိုင်းမော်မြို့နယ်တွင် စစ်​ကောင်စီတပ်မှတပ်ရင်းအနေဖြင့် ခလရ(၅၈)သာ ကျန်ရှိတော့သည်။ ခလရ(၅၈)ပတ်ဝန်းကျင်၌ ကာကင်းအများအပြားချထားပြီး မိုင်းများလည်းထောင်ထားသည်။

စစ်ကောင်စီသည် ဝိုင်းမော်မြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုတ်လွဲရာလမ်းဆုံ၌ အင်အား ၁၀၀ခန့်တပ်ဆွဲထားပြီး လက်နက်ကြီးတပ်ဆင်ထားသည်။ စစ်ကောင်စီက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခလရ(၅၈)နှင့်မုတ်လွဲရာလမ်းဆုံမှနေ၍ လက်နက်ကြီးများ ညစဉ်ပစ်ခတ်နေကြောင်းဒေသခံများကပြောသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတွင်လည်း မြစ်ဆုံဒေသရှိ စစ်ကောင်စီစခန်း သာကျန်တော့ပြီး ဆွမ်ပရာဘွမ်ဘက်၌ စစ်ကောင်စီစခန်းများ မကျန်တော့ကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIA ဦး​ဆောင်​သောပူး​ပေါင်းတပ်များသည်ယခုနှစ် မတ်လ ၇ရက်တွင် ထိုးစစ်ကြီး စတင်ခဲ့ရာ ဆွမ်ပရာဘွမ် မြို့တစ်ခုလုံးကိုသိမ်းပိုက်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook