Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးထားတဲ့ ဂျပန်သား စူပါမားကက် ဒါရိုက်တာကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ပြီး ပြန်လွှတ်ပေးဟုဆို

ဆန်စျေး ကို သတ်မှတ်ထားတာထက် ပိုရောင်းချခဲ့ကြောင်း စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ ဂျပန် စူပါမားကက်လုပ်ငန်း ဒါရိုက်တာ တစ်ဦးကို စစ်ကောင်စီက စီရင်ချက် ချမှတ်ပြီးတဲ့နောက် ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ကာဆာမတ်ဆူဟာ မြန်မာနိုင်ငံမှာ စူပါမားကက် လုပ်ငန်းတချို့ ဖြန့်ကျက် ဖွင့်လှစ်ထားတဲ့ ဖက်စပ် လုပ်ငန်း Aeon Orangeရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

ဆန်စျေး ကို သတ်မှတ်ထားတာထက် ပိုရောင်းချခဲ့ကြောင်း စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ ဂျပန် စူပါမားကက်လုပ်ငန်း ဒါရိုက်တာ တစ်ဦးကို စစ်ကောင်စီက စီရင်ချက် ချမှတ်ပြီးတဲ့နောက် ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

အသက် ၅၃ နှစ်အရွယ် ဟီရိုရှီ ကာဆာမတ်ဆူဟာ ဩဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပြီး ညနေပိုင်းမှာတော့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။ ကာဆာမတ်ဆူဟာ မြန်မာနိုင်ငံမှာ စူပါမားကက် လုပ်ငန်းတချို့ ဖြန့်ကျက် ဖွင့်လှစ်ထားတဲ့ ဖက်စပ် လုပ်ငန်း Aeon Orangeရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

ဆန်စျေးမြင့်တက်မှုနဲ့ ပတ်သက်လို့ ဆန်စက်တွေ၊ စူပါမားကက်တွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ကာဆာမတ်ဆူကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဇွန်လတုန်းက စစ်ကောင်စီက ကြေညာခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ကာဆာမတ်ဆူကို ထောင်ဒဏ် စီရင်ချက် ချမှတ်ပြီး ညနေပိုင်းမှာပဲ ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းကိုတော့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုခဲ့တာပါ။ ကာဆာမတ်ဆူကို နယ်နှင်ဒဏ် ပေးမလား ဆိုတာကိုတော့ ဇော်မင်းထွန်းက အသေးစိတ် ပြောကြားမသွားခဲ့ပါဘူး။

ကာဆာမတ်ဆူဟာ ဆန်အပါအဝင် အခြေခံ စားသောက်ကုန်တွေကို သတ်မှတ်ထားတဲ့ နှုန်းထားမျိုးနဲ့ ရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ အမိန့်ကို လွန်ဆန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတာပါ။ ရန်ကုန်မှာ သူ့ကို ထောင်ဒဏ် စီရင်ချက် ချမှတ်ခဲ့တဲ့ တရားရုံး အပါအဝင် တရားရေး ဌာနအားလုံးဟာ စစ်ကောင်စီရဲ့ အလိုကျ ထိန်းချုပ်မှုအောက်မှာပဲ လည်ပတ်နေရပါတယ်။

အခုဖြစ်စဉ်ဟာ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့ ကာလနောက်ပိုင်း စီးပွားရေးနဲ့ ဆက်စပ်လို့ ဂျပန်နိုင်ငံသား တစ်ဦးအပေါ် စစ်ကောင်စီက ထောင်ဒဏ်စီရင်ချမှတ်တဲ့ ပထမဆုံး ကိစ္စလို့ ယုံကြည်ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးချိန် ကတည်းက စီမံခန့်ခွဲမှု အလွဲတွေကြောင့် စီးပွားရေး ဇောက်ထိုးကျဆင်းပြီး ကုန်စျေးနှုန်းတွေ တရှိန်ထိုး မြင့်တက်လာသလို ဆန်စျေးကလည်း လပိုင်းအတွင်း ပုံမှန်ထက် နှစ်ဆ ခုန်တက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ စစ်ကောင်စီ အာဘော် သတင်းဌာနတွေကတော့ ဆန်စျေးတွေ တက်လာတာဟာ အယ်လ်နီညို ရာသီဥတု ဖောက်ပြန်မှု ဖြစ်စဉ်ကြောင့်လို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

ကာဆာမတ်ဆူ ဦးစီးနေတဲ့ Aeon Orangeဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်အဖြစ် သတ်မှတ်ခံရတဲ့ ရန်ကုန်မှာ စူပါမားကက် တချို့ကို ဖွင့်လှစ်ထားပါတယ်။

ကာဆာမတ်ဆူကို စစ်ကောင်စီက ဖမ်းဆီးချိန်မှာ မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ထိန်းသိမ်းခဲ့ပေမယ့် သူတို့ရဲ့ အခြေအနေကိုတော့ ဇော်မင်းထွန်းက ထုတ်ပြောမသွားပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ သွင်းကုန် ထုတ်ကုန် လိုင်စင် ကန့်သတ်ချက်တွေ ပိုမို ပြဋ္ဌာန်းခဲ့သလို လောင်စာဆီ တင်သွင်းမှုလို ကဏ္ဍတွေမှာ မူဝါတွေ ပိုတင်းကျပ်ခဲ့တာကြောင့် စီးပွားရေးအရ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ကြုံတွေ့စေခဲ့ပါတယ်။

ကိုးကား: Japan Times

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။