Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ ဖော်ပြ

အာဏာသိမ်း မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အတိုင်းအတာ ပမာဏဟာ သိသိသာသာ မြင့်တက်လာတယ်လို့ကုလသမဂ္ဂရဲ့လတ်တလော ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

စစ်​​ကောင်စီက ကွတ်ခိုင် မြို့မ ​ဈေးကို သြဂုတ် ၅ ရက်က ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူအနည်းဆုံး ၆ ဦး​သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။ စစ်တပ်ဗုံးကြဲ ပြီး​နောက် အပျက်အစီးများကို ​တွေ့ရစဥ်။ ဓါတ်ပုံ-TNLA

အာဏာသိမ်း မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အတိုင်းအတာ ပမာဏဟာ သိသိသာသာ မြင့်တက်လာတယ်လို့ကုလသမဂ္ဂရဲ့လတ်တလော ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

အဲဒီ အစီရင်ခံစာဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထိ တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံမှာ စာရင်းကောက်ယူ ရရှိထားတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် စုစည်းထားတာ ဖြစ်ပါတယ်။ အဲဒီ စာရင်းတွေထဲမှာ ညှင်းပန်း နှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ အကြောင်းမဲ့ ဖမ်းဆီးမှုလိုမျိုး ဖိနှိပ်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံအနှံ့ ကြမ်းကြုတ် ရက်စက်မှုနဲ့ လူမဆန်မှု ဖြစ်စဉ်တွေဟာ ကြောက်ခမန်းလိလိ အတိုင်းအတာမျိုးနဲ့ ပေါ်ပေါက်ခဲ့တယ် ဆိုတာကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပဋိပက္ခတွေနဲ့အတူ အကြမ်းဖက်မှု ဖြစ်စဉ်တွေကလည်း စိုးရိမ်စရာ အတိုင်းအတာ ပမာဏမျိုးထိ တရိပ်ရိပ် မြင့်တက်လာနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါတင် မကသေးဘဲ ခေါင်းဖြတ်တဲ့ လူသတ်မှုမျိုးတွေ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်မှုတွေ၊ အလောင်းတွေကို လူမြင်ကွင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြသပြီး ခြိမ်းခြောက်တာမျိုးတွေ ထူထပ်လာတဲ့ အကြောင်းကိုလည်း အစီရင်ခံစာမှာ သေချာ မီးမောင်းထိုးပြထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ကလေးတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ပိုများလာတာကိုလည်း ထောက်ပြထားပြီး စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ဆေးရုံတွေ အပါအဝင် စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်းကိုလည်း အစီရင်ခံစာမှာ စုစည်းဖော်ပြထားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ဖမ်းဆီးခံရသူ ထောင်သောင်းချီ ရှိခဲ့ပြီး အချုပ်နှောင်ခံ ကာလအတွင်း ရက်ရက်စက်စက် နှိပ်စက်ခံရသူတွေ၊ အသက်ဆုံးရှုံးသွားသူတွေလည်း တော်တော်များများ ရှိခဲ့တယ်လို့ IIMMက ဆိုပါတယ်။ ဒါ့အပြင် အတိုက်အခံနဲ့ တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီရဲ့ ထင်သလို ပြုမူ ဖမ်းဆီးတာတွေနဲ့ မမျှတတဲ့ တရားစီရင်မှုတွေကို ကြုံနေရကြောင်းလည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက ကြီးမှူးပြီး IIMMကို ၂၀၁၈ မှာ ထူထောင်ပေးခဲ့ပါတယ်။ တော်လှန်ရေး ကာလမှာတော့ IIMMဟာ အဓိကအားဖြင့် အာဏာသိမ်း စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ဖို့ ရည်ရွယ်ထားပြီး ဒလန်တွေကို ရှင်းလင်းတာတွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေဖက်က အရပ်သားတွေကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း မှတ်တမ်းမှတ်ရာတွေ ပြုစုခဲ့ပါတယ်။

ကိုးကား: DW

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။