Connect with us

Hi, what are you looking for?

သတင်း

ငွေ​ဖောင်းပွပြီး ကုန်​ဈေးနှုန်းတက်၍ ပြည်သူများ ဒုက္ခများ

ပြည်ပမှတင်သွင်းရ​သော​ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းအချို့ ပြတ်လပ်

(ရန်ကုန်တွင်ကြက်ဥအလုံး​ရေအများဖြင့်​ရောင်း​သော​ဈေး။ ဓါတ်ပုံ- PS)

​နေ့သစ်/ People’s Spring

​​ငွေ​ကြေးလဲလှယ်​ရေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုး စံချိန်တင် ကျဆင်းပြီး​နောက် ပြည်တွင်း၌ ကုန်​ဈေးနှုန်းများတက်လာပြီး ပြည်သူများ ပိုဒုက္ခ​ရောက်လာ​ကြောင်းပြည်သူများက​ပြောသည်။

“ပုဇွန်နှစ်ကောင် (ဟင်းသီးဟင်းရွက်ဆီတံဆိပ်)တစ်ပိဿာ အရင်ငါးရက်လောက်က တစ်သောင်းရှစ်ထောင်ကနေ အခု နှစ်သောင်းကျော်နေပြီ။ကြက်သွန်ဖြူ ကလည်း တစ်ဆယ်သား နှစ်ထောင်ဖြစ်ပြီ။ကြက်သားမှုန့် ၃၀၀ တန်က ၇၀၀ဖြစ်လို့ဖြစ်။ကော်ဖီတစ်ထုပ် ၃၀၀ ကနေ ၅၀၀ ဖြစ်လို့ဖြစ်။တစ်ဆိုင်တည်းလည်းမဟုတ်။ရပ်ကွက်ဆိုင်တိုင်း တက်နေ တာ”ဟု ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

ရန်ကုန်​ဈေးဆိုင်တဆိုင်တွင် ထိုင်းမှတင်သွင်း​သောအလှကုန်ပစ္စည်းများပြတ်လပ်​နေ၍ တံဆိပ်အနည်းငယ်ကိုသာ​ရောင်းချ​​နေမှု။ ဓါတ်ပုံ- PS

ရန်ကုန်မြို့တွင်ဆန်​​ချောတပြည်လျင်၆၈၀၀ကျပ်၊ပဲဆီတစ်ပီသာ ၂၄,၀၀၀ ကျပ်ဝန်းကျင် ၊ စားအုန်းဆီတစ်ပိသာ ၁၅၀၀၀ ဝန်းကျင် ၊ ကြက်ဥတစ်လုံး အ​သေးဆုံးအရွယ် အနိမ့်ဆုံး​ဈေး တစ်လုံး ၄၀၀ မှ အရွယ်ကြီးလျင် ကြီးသလို ဈေးပို​ပေးရ​ကြောင်း ပြည်သူများက​ပြောသည်။

Public Service Announcement

Public Service Announcement

“Yum Yum ချဥ်စပ်တစ်ထုပ် ၁၀၀၀ ဖြစ်​နေပြီ “ဟု ရန်ကုန်မြို့​မှပြည်သူ တစ်ဦးက​ပြောသည်။

“ကော်ဖီမစ်တွေဈေးအရမ်းတတ်တော့ ပလိန်းကို(လက်ဖက်ရည်တိုင်မှာ​ရောင်းတဲ့​ကော်ဖီမစ်တစ်ထုပ်​ဈေး ) ၅၀၀ ကနေ‌‌ ‌ ၆၀၀ ၊ ၇၀၀ ၊ အခု ၈၀၀ ဖြစ်သွားပြီ။ နှစ်ရက်ရှိပြီ “ဟုရန်ကုန်မြို့ရှိလက်ဖက်ရည်ဆိုင် ဝန်ထမ်းတစ်ဦးကပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က ကြက်ဥတစ်လုံး ၁၀၀ ​အောက် ၊ YumYum ချဥ်စပ်တစ်ထုပ် ၃၀၀ ခန့်သာရှိခဲ့ခြင်းဖြစ်သည်။

ကုန်​ဈေးနှုန်းများသည် ကျပ်​ငွေတန်ဖိုးကျပြီး​နောက် ယခုရက်ပိုင်းအတွင်း​ဈေးပိုတက်လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ တင်သွင်း​သော စား​သောကုန် ၊လူသုံးကုန် ၊အလှကုန်အချို့ ​ဈေးကွက်တွင်ပြတ်လပ်​နေ​ကြောင်းပြည်သူအချို့က​ပြောသည်။

ထိုအပြင် ​ဆေးဝါး​ဈေးများလည်းတက်ပြီး အချို့​ဆေးဝါးများပြတ်လပ်​နေ၍ ​ဈေးကွက်တွင်ဝယ်မရ​တော့​ကြောင်း စုံစမ်းသိရသည်။

သွားတိုက်​​ဆေး တံဆိပ်တမျိုးသာ​ရောင်းရန်ရှိ​နေ။ ဓါတ်ပုံ- PS

“ခုရက်ပိုင်း ဒေါ်လာစျေးတက်တာနဲ့ ဆေးဝါးတွေ အရင်လို ဘာတံဆိပ်မှသောက်မယ် ဆိုပြီး ရွေးဝယ်လို့ မရတော့ဘူး။ ပိုက်ဆံရှိရင်တောင် လိုတဲ့ဆေးဝါးတွေ စျေးကွက်မှာ မရှိတော့ဘူး။ လူကြီးတွေအတွက် Ensure ဘူးတွေတောင် စျေးကွက်ထဲမှာ ပစ္စည်းပျက်နေတယ်။ ပစ္စည်းရတဲ့ဆိုင်ကလည်း ဒေါ်လာစျေး(တက်စျေး) နဲ့ ပြန်ဝယ်ရမှာဆိုတော့ ရောင်းစျေးက မတန်မဆ စျေးတွေထိုးတက်နေပါတယ်။ အခုဒေါ်လာစျေးတက်ပုံနဲ့ဆိုရင် လက်လုပ်လုပ်စား ပြည်သူတွေအနေနဲ့ နေမကောင်းရင်တောင် ဆေးဝယ်သောက်ဖို့ တော်တော်အခက်တွေ့နိုင်ပါတယ်”ဟု ပြည်သူတစ်ဦးက​ပြောသည်။

ထို့အပြင်ပြည်ပမှ တင်သွင်းရသည့် ဆေးဝါးပစ္စည်းများ ပြတ်လပ်ပြီး နှလုံး၊ဆီချို၊သွေးတို နှင့် ကျောက် ကပ် ကဲ့သို့ နာတာရှည်လူနာများအတွက် ဆေးဝါး ဝယ် ယူရာတွင် အခက်အခဲများရှိနေကြောင်းလည်း ဆေး ဆိုင်ပိုင်ရှင်တစ်ဦးက အသိပေးသည်။

“ပြည်တွင်းမှ ထုတ်နိုင်တဲ့ ပရာစီတမော လောက်ပဲ ပေါပေါသီသီရှိတာ။ကျန်တဲ့ နိုင်ငံ ခြားဆေးဝါး တွေပြတ်နေတာကြာပြီ။လူထု ကျန်းမာရေးက တနေ့တ ခြား ဆိုးဝါးလာနေတယ်။ပြည်ပ ဆေးမရောင်းရလို့ ပြောတာမဟုတ်ဘူးနော်။အရေးပေါ်ဖြစ်မှပဲ ဆေးရုံသွားပြီး ဆေးသောက်နေရတဲ့ အဖြစ်ကို ရပ်ကွက်တွေထဲ ကြည့်စေချင်တယ်”ဟု ပြည်တွင်းဆေးဝါးပြတ်လတ်နေမှုအ​ခြေအ​နေ ကို ၎င်းက ဆက်​ပြောသည်။

ထိုအပြင် ကျပ်​​ငွေတန်ဖိုးကျပြီး နိုင်ငံခြား​ငွေ​ဈေးထိုးတက်​​နေသဖြင့် ယခင်ပြည်ပသို့​ဆေးသွား​ရောက်ကုသသူများမှာ မသွား​တော့ဘဲ ပြည်တွင်းပုဂ္ဂလိက​ဆေးရုံများတွင်သာ​​ပြောင်း၍ ကုသသူများလာ​​ကြောင်းသိရသည်။

“ဒေါ်လာစျေးအရမ်းတက်တော့ ရန်ကုန်မှာ ပုဂ္ဂလိက ဆေးရုံတွေ လူနာအရမ်းများလာတယ်။ အရင်က ပိုက်ဆံရှိရင် ဘန်ကောက်တက်ကုမယ် ဆိုတဲ့သူတွေလည်း ဒေါ်လာစျေး၊ ဘတ်စျေးတက်လို့ ပြည်တွင်းမှာပဲ ကုနေကြရတာတွေ တွေ့လာတယ်” ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက သူ၏အ​တွေ့အကြုံကို​ပြောသည်။

ဒေါ်လာ​ဈေး သည်ပြင်ပစျေးကွက် ငွေကြေးတွင် ဇူလိုင်နောက်ဆုံးပတ်က တစ်ဒေါ်လာ ၅,၀၀၀ ကျော်မှစ၍ မြင့်တက်ခဲ့ပြီးနောက် သြဂုတ် ၁၄ရက်ညနေပိုင်းအထိ တစ်ဒေါ်လာ ၆,၅၀၀ ကျပ် ဝန်းကျင်ရှိသည်။ သြဂုတ် ၁၃ ရက်တွင် ၁ ​ဒေါ်လာ ၇၀၀၀ ကျပ် ၊ ၁ ဘတ် လျင် ၂၀၀ ကျပ် ၊ ၁ယွမ်လျင် ၁၀၀၀ ကျပ်အထိ ကျပ်​ငွေတန်ဖိုးစံချန်တင်ကျဆင်းခဲ့သည်။ ဘတ်​ဈေးမှာလည်း သြဂုတ် ၁၄ ရက်တွင် အတက်အကျ ကြမ်း​နေပြီး ညပိုင်း၌ ၁ ဘတ် လျင် ၁၇၉ ကျပ်ခန့်ဖြင့် ​ဈေးပိတ်ခဲ့သည်။

ထို့အတူ ပြည်တွင်း ရွှေစျေးစျေးနှုန်းသည် ပြင်ပပေါက်စျေးအရ အခေါက်ရွှေတစ်ကျပ်သား သိန်း ၈၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

ပြည်တွင်း စက်သုံးဆီစျေးကွက်တွင်လည်း အလုံ အလောက်မရရှိဘဲ တန်းစီစနစ်ဖြင့် သတ်မှတ်ပမာဏ အတိုင်းသာ ရရှိနေပြီး ရန်ကုန်ရှိ လူစည်းကားရာ လမ်းဆုံများတွင် ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်းများ ထွက်ခွာခြင်း၊ပို့ကုန်သွင်းကုန် ကျဆင်းခြင်း၊ကုန်ထုတ်လုပ်မှုလျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုများသည် စီးပွားရေးကျ ဆင်းခြင်းဟု ကမ္ဘာဘဏ်က ထောက်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ယခုနှစ် ခြောက်လပတ် အစီရင်ခံစာအရ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း မြန်မာ နိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ခုနှစ်သန်းတိုးလာသည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက...

သတင်း

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...