Connect with us

Hi, what are you looking for?

သတင်း

NUG ယာယီသမ္မတအပါအဝင် တော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်တို့ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတအပါအဝင် တော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Tom Sullivan တို့ဦးဆောင်သည့်အဖွဲ့တို့ ယမန်နေ့(သြဂုတ် ၁၅ရက်)တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အီယိုရီ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတအပါအဝင် တော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Tom Sullivan တို့ဦးဆောင်သည့်အဖွဲ့တို့ ယမန်နေ့(သြဂုတ် ၁၅ရက်)တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အထက်ပါတွေ့ဆုံမှုတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကောင်စီဝင်များ၊ K2C ဟုခေါ်ဆိုသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့၏ ခေါင်းဆောင်များ တက်ရောက်ခဲ့ကာ အမေရိကန်က ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် လူသားချင်းစာနာမှု အကူအညီများကို တိုးမြှင့်ကာ တိုက်ရိုက် ပံ့ပိုးကူညီမည့် ကတိကဝတ်ပြုခဲ့ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

Public Service Announcement

Public Service Announcement

“အမှန်မှာတော့ အင်မတန်ကောင်းပါတယ်။ ကျွန်

တော်တို့ တော်လှန်ရေးအင်အားစုတွေ စည်းစည်း

လုံးလုံးနဲ့ NUG ရယ်၊ NUCC ရယ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရယ် အတူတကွ same platform ပေါ့။ အတူတကွ ဘုံရပ်တည်ချက်နဲ့ ဆွေးနွေးပြောကြားခဲ့ကြတာပေါ့” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် အချိန်အတော်ကြာ အသေးစိတ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူလူထုအတွက် လိုအပ်နေသော လိုအပ်ချက်များ၊ အထူးသဖြင့် လူသားချင်းစာနာမှု အထောက်အကူပေးခြင်း၊ တော်လှန်ရေးအင်

အားစုများ ထိန်းချုပ်နိုင်သည့် နေရာများ ပိုမိုများပြားလာချိန်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပေးအပ်ရန်၊ လိုအပ်ချက်များကို တိုက်

ရိုက်ကူညီပေးရန် အချက်များကို ဆွေးနွေးခဲ့ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ သြဂုတ် ၁၄ ရက် နေပြည်တော်ခရီးစဥ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဏာရှင်ဟောင်း သန်းရွှေတို့ကို တွေ့ဆုံခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူများနှင့် တော်လှန်ရေးအင်အားစုများ တွေ့ဆုံမှုသည် ရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်နေသည်။

သို့သော် ယခင်က အမေရိကန်နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ဟောင်း Derek Chollet သည် NUG ယာယီသမ္မတအပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် သီးခြားဖြစ်စေ၊ K3C ဟုခေါ်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များမှ ခေါင်းဆောင်များနှင့်ဖြစ်စေ၊ တပေါင်းတစည်းတည်းဖြစ်စေ မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။