Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်မှာ ဆည်ရေမရလို့ တောင်သူတွေ စပါးမစိုက်နိုင်ဖြစ်နေ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက လယ်မြေတွေဆီ ရေလွှတ်မပေးတဲ့အတွက် တောင်သူတွေစပါးမစိုက်ပျိုးနိုင်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်တည်နေရာပြမြေပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက လယ်မြေတွေဆီ ရေလွှတ်မပေးတဲ့အတွက် တောင်သူတွေစပါးမစိုက်ပျိုးနိုင်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်းက တောင်သူတွေအားထားရတဲ့ ကျောက်မီးချောင်းမကြီးထဲကို ဆည်တော်လေးကရေဝင်ရောက်လာပေမယ့် စစ်တပ်က ရေပြွန်ပေါက်တွေဖွင့်မပေးဘဲ ပိတ်ထားတာကြောင့် လယ်မြေတွေဆီရေမရောက်ဖြစ်နေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” ဒီရေပြွန်ပေါက်တွေရှိတဲ့နေရာမှာက အေးချမ်းတယ်၊ သက်သက်ကိုပိတ်ထားတာ”လို့ လယ်စိုက်တောင်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း သြဂုတ် ၁၅ရက်က အာဏာသိမ်းစစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ကကျောက်မီးချောင်းအတွင်းရေဝင်ရောက်မှုကိုလာရောက်ကြည့်ရှုခဲ့ပေမယ့် လယ်မြေတွေဆီ သြဂုတ်လ ၁၇ရက် အထိ ရေမလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

တောင်သူတွေဟာ ဆည်ရေမရလို့ လယ်မစိုက်နိုင်ဖြစ်နေပြီး ချောင်းအတွင်း ဆည်ရေ ဝင်ရောက်ပေမယ့်လည်း ရေပြွန်တွေပိတ်ထားတဲ့အတွက် အခက်ကြုံနေရတာပါ။

စပါးစိုက်ပျိုးချိန်ဖြစ်တာကြောင့်တောင်သူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေရှိနေသလို အငှားလိုက်အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ဆည်တော်ကြီး၊ ဆည်တော်လေးကနေတဆင့် ကျောက်မီးချောင်းမကြီးထဲကို ရောက်ရှိလာတဲ့ ဆည်ရေကိုမှီတည်ပြီး စိုက်ပျိုးရတဲ့ စပါးဧကပေါင်း ထောင်ချီရှိနေတာပါ။

ပုသိမ်ကြီးမြို့နယ်ထဲက သမ္မတော၊ ဂွေ့ကြီးကုန်း၊ တောတွင်၊ ကျောက်မီး၊ ငွေတောင်၊ တံတိုင်းရှည်၊ သုံအိမ်၊ လက်ကောင်းစတဲ့ကျေးရွာတွေ ဟာ ဆည်ရေကို အဓိကအားထားရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။