Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်၍ နိုင်ငံရေးအကျဉ်းသူခုနစ်ဦး ဒဏ်ရာရ

ဒိုက်ဦးအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်၍ နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒိုက်ဦးအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

ဒိုက်ဦးအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်၍ နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၉ ရက် ညနေက ဒိုက်ဦးအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသူတစ်ဦးအား ဧည့်တွေ့ချိန် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဟူသောစွပ်စွဲချက်ဖြင့် ထောင်ဝန်ထမ်းများက လာရောက်ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့လာခေါ်ချိန် အမျိုးသမီးဝန်ထမ်း နှစ်ပွင့်အရာရှိ စန်းနွယ်ဦးအပါအဝင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသား အင်အား၅၀ဦးခန့်နှင့် အမျိုးသမီးဝန်ထမ်း ခုနစ်ဦးခန့်ပါဝင်ပြီး လေးခွ ၊ ရာဘာတုတ်၊ကျဉ်စက်များကိုင်ဆောင်၍ ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ထောင်ဝန်ထမ်းများက အဆိုပါနိုင်ငံရေးအကျဥ်းသူအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခေါ်ဆောင်နေ၍ အခြားနိုင်ငံရေးအကျဥ်းသူများကပါ ဝင်ရောက်ပြောဆိုရာ ၎င်းတို့ပါ ရိုက်နှက်ခံရကြောင်း၊ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“နောက်ဆုံးအခြေအနေကတော့ အဲဒီအမျိုးသမီးတွေကို ဘာဆက်လုပ်မလဲစောင့်ကြည့်နေရတဲ့ အခြေအနေပါ။တိုက်ပိတ်တာမျိုး၊ ခွဲထုတ်ပြီးမှပြစ်ဒဏ်ပေးတာမျိုးတွေ ဆက်လုပ်နိုင်တယ်။”ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

လက်ရှိတွင် ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် ကျိုက်မရောထောင်နှင့် အင်းစိန်ထောင်မှ ပြောင်းရွေ့ခံထားရသူများဖြစ်ပြီး ဒိုက်ဦးအကျဥ်းထောင်တွင်အကျဉ်းချခံခဲ့ရသည့် နိုင်ကျဉ်းအမျိုးသမီးများ ဖြစ်ကြောင်း PPNMက အသိပေးထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ဒိုက်ဦးအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသူ ၈၀ကျော်ကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ရာ အမျိုးသမီးငါးဦး ဒဏ်ရာရရှိခဲ့ပြီး ၃၀ကျော် တိုက်ပိတ်ခံရဖူးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။