Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်၍ နိုင်ငံရေးအကျဉ်းသူခုနစ်ဦး ဒဏ်ရာရ

ဒိုက်ဦးအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်၍ နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒိုက်ဦးအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

ဒိုက်ဦးအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်၍ နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၉ ရက် ညနေက ဒိုက်ဦးအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသူတစ်ဦးအား ဧည့်တွေ့ချိန် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဟူသောစွပ်စွဲချက်ဖြင့် ထောင်ဝန်ထမ်းများက လာရောက်ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့လာခေါ်ချိန် အမျိုးသမီးဝန်ထမ်း နှစ်ပွင့်အရာရှိ စန်းနွယ်ဦးအပါအဝင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသား အင်အား၅၀ဦးခန့်နှင့် အမျိုးသမီးဝန်ထမ်း ခုနစ်ဦးခန့်ပါဝင်ပြီး လေးခွ ၊ ရာဘာတုတ်၊ကျဉ်စက်များကိုင်ဆောင်၍ ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ထောင်ဝန်ထမ်းများက အဆိုပါနိုင်ငံရေးအကျဥ်းသူအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခေါ်ဆောင်နေ၍ အခြားနိုင်ငံရေးအကျဥ်းသူများကပါ ဝင်ရောက်ပြောဆိုရာ ၎င်းတို့ပါ ရိုက်နှက်ခံရကြောင်း၊ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“နောက်ဆုံးအခြေအနေကတော့ အဲဒီအမျိုးသမီးတွေကို ဘာဆက်လုပ်မလဲစောင့်ကြည့်နေရတဲ့ အခြေအနေပါ။တိုက်ပိတ်တာမျိုး၊ ခွဲထုတ်ပြီးမှပြစ်ဒဏ်ပေးတာမျိုးတွေ ဆက်လုပ်နိုင်တယ်။”ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

လက်ရှိတွင် ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် ကျိုက်မရောထောင်နှင့် အင်းစိန်ထောင်မှ ပြောင်းရွေ့ခံထားရသူများဖြစ်ပြီး ဒိုက်ဦးအကျဥ်းထောင်တွင်အကျဉ်းချခံခဲ့ရသည့် နိုင်ကျဉ်းအမျိုးသမီးများ ဖြစ်ကြောင်း PPNMက အသိပေးထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ဒိုက်ဦးအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသူ ၈၀ကျော်ကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ရာ အမျိုးသမီးငါးဦး ဒဏ်ရာရရှိခဲ့ပြီး ၃၀ကျော် တိုက်ပိတ်ခံရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပ​ရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ယနေ့ (ဇွန်လ ၁၅) ပြုလုပ်ခဲ့သည်။

သတင်း

သပိတ်​​ခေါင်း​ဆောင် ကို​ဝေမိုးနိုင်လည်းရိုက်နှက်ခံရလို့ မျက်ခုံးကွဲဲ

သတင်း

မုံရွာထောင်ကနေပြောင်းရွှေ့လာတဲ့ ကိုဝေမိုးနိုင်ကို မန္တလေးအိုးဘိုအကျဥ်းထောင်က ဝန်ထမ်းတွေက ထောင်ဘူးဝမှာတင် ဝိုင်းရိုက်ခဲ့ကြောင်းအကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။