Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်မည် သတင်း​ကြောင့် ဗန်း​မော်သို့​ ယာဥ်လိုင်းများ​ပြေးဆွဲမှုရပ် ၊ လေ​ကြောင်းလိုင်းလည်း အ​ခေါက်​ရေ​လျှော့

ကချင်ပြည်နယ်၊ဗန်းမော်မြို့သို့ပြေးဆွဲနေသည့် ယာဥ်လိုင်းများ ပြေးဆွဲမှုရပ်နားကာ လေကြောင်းလိုင်းများ ပျံသန်းမှုလျှော့ချလိုက်ကြောင်း ခရီးသည်ဝန်ဆောင်မှု လုပ်ငန်းရှင်များ က ပြောသည်။

ရဲခေါင်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့သို့ပြေးဆွဲနေသည့် ယာဥ်လိုင်းများ ပြေးဆွဲမှုရပ်နားကာ လေကြောင်းလိုင်းများ ပျံသန်းမှုလျှော့ချလိုက်ကြောင်း ခရီးသည်ဝန်ဆောင်မှု လုပ်ငန်းရှင်များ က ပြောသည်။

စစ်​ကောင်စီအတွက် ဗန်း​မော်မြို့၏အဓိက ခံစစ်စခန်းဖြစ်​သော အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း(ခမရ ၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဩဂုတ် ၁၉ရက်တွင် အပြီးသိမ်း ပိုက်နိုင်ခဲ့ပြီးနောက် ဗန်း​မော်မြိုရှိစစ်တပ်စခန်းများကိုပါ တိုက်​တော့မည်အထင်နှင့် ယာဥ်လိုင်းများပိတ်သိမ်းခဲ့ရခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဗန်းမော် မြို့မှာပါ တိုက်ပွဲ ဖြစ်တော့မယ်လို့ ကြားရတော့ ကြိုပိတ်လိုက်တာပေါ့။ဘယ်နေ့လောက်အထိ ပိတ်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး”ဟု မန္တလေး-ဗန်းမော် ပြေးဆွဲနေသည့် ယာဥ်လိုင်းပိုင်ရှင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

ထို့အတူ တစ်ရက်လျှင် လေးကြိမ်ခန့် ပျံသန်းနေသည့် ရန်ကုန်-မန္တလေး-ဗန်းမော် လေကြောင်း ခရီးစဥ်များမှာ တစ်ရက် နှစ်ကြိမ်သာ ပျံသန်းတော့သည်ဟု သိရသည်။

“အရင်လိုမဟုတ်တော့တဲ့ အခြေအနေမို့ တချို့ လေကြောင်းလိုင်းတွေက ဗန်းမော်ဘက်ကို မပျံတော့ဘူး။အခုက တစ်ရက် ကို နှစ်ကြိမ် အများဆုံးပဲရှိတော့တယ်”ဟု လေကြောင်းလက်မှတ်အရောင်းဌာန တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၁၉ ရက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော မိုးမောက်မြို့ စစ်ကောင်စီတပ်စခန်းတွင် ခမရ(၄၃၇)၊ ခမရ(၄၁၅)၊ ခမရ(၄၁၆)၊ ခမရ(၃၂၀)၊ ခလရ(၁၃)၊ ခလရ(၄၀)၊ ခလရ(၈၃)၊ ခလရ(၅၆)၊ ခလရ(၁၄၂)၊ ခလရ(၁၃၀)၊ ခလရ(၂၃၆)နှင့် ခလရ(၂၃၇)တပ်များ ဖြင့် အင်အားဖြည့်ထားခဲ့ကြောင်း KIA က ဆိုသည်။

အဆိုပါ တပ်ရင်းများသည် မြစ်ကြီးနား ဗန်းမော်ကားလမ်းတလျှောက်ရှိ တပ်ရင်းများနှင့် ဗန်းမော်-လွယ်ဂျယ် ကားလမ်းတလျှောက်ရှိ တပ်ရင်းများဖြစ်ပြီး KIA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မူလတာဝန်ကျရာ တပ်ရင်းများမှ ထွက်ပြေးပြီး မိုးမောက်တပ်စခန်းတွင်စုနေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

မိုးမောက် ခမရ(၄၃၇)တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတ်မှ ရာချီ​သေဆုံးဒဏ်ရာရခဲ့ပြီး တင့်ကား ၁ စီး သံချပ်ကာ ၁ စီး အပါအဝင် လက်နက်မျိုးစုံ ရာချီသိမ်းဆည်းနိုင်ခဲ့သည်။

KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မိုးမောက် ခမရ(၄၃၇) တပ်ရင်းသိမ်းပိုက်နိုင်ပြီးဖြစ်၍ စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်ကို ဖိအားပေးရန် လမ်းပွင့်သွားပြီဟု ပြောထားသည်။

ဗန်းမော်မြို့တွင်လည်း စကခ(၂၁)ဌာနချုပ်အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၅ခုခန့်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။သို့​သော် အဓိကတိုက်ခိုက်​​ရေးတပ်ရင်းမှာ ခမရ ၄၃၇ ဖြစ်ပြီး ခမရ ၄၃၇ ကျသွားခြင်းမှာ စစ်​ကောင်စီအတွက် စစ်​ရေးအရ ကြီးမား​သောဆုံးရှုံးမှုဖြစ်သည်။

အကယ်၍ ဗန်း​မော်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါက ပါတ်ပါတ်လည်း ​ဒေသများတွင်ပါ KIA ကလမ်း​ကြောင်းများဖြတ်​တောက်ထားပြီဖြစ်၍ စစ်​​ကောင်စီတပ်မှ ​မြေပြင်မှစစ်ကူပို့မနိုင်​တော့​ကြောင်း စစ်​ရေး​အကဲခတ်သူအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်တွင် တိုက်ပွဲသုံးရက်ဆက်ပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

တိုက်ပွဲတွင် PCGခေါင်းဆောင် ဦးယွပ်ဇော်ခေါင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရဟုဆို

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပြန်ဆုတ်သွားစဥ် ဒဏ်ရာရသူများကိုပါ ရေကြောင်းမှတဆင့် ပုလောမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပုလောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

အမတ (၃၅၄)တပ်နှင့် မစခ(၉၀၂)တပ်နေရာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ လေထီးဖြင့်ဖြည့်တင်းဟုဆို

Facebook