Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ဖြေရှင်းမည့် မည်သည့်အစီအစဥ်မဆို မြန်မာပြည်သူများ၏ မျှော်မှန်းချက်နှင့်ကိုက်ညီမှုရှိရန်လိုဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

မြန်မာ့အရေးကို ဖြေရှင်းမည့် မည်သည့်အစီအစဥ်မဆို မြန်မာပြည်သူများ၏ မျှော်မှန်းချက်နှင့်ကိုက်ညီမှုရှိရန် လိုပြီး ရေရှည်တည်တံ့သော အဖြေဖြစ်ရေးအတွက် ဆောင်ရွက်သည့် အစီအစဥ်ဖြစ်ရန် အလွန်အရေးကြီးကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောသည်။

ထားအိ/People’s Spring

မြန်မာ့အရေးကို ဖြေရှင်းမည့် မည်သည့်အစီအစဥ်မဆို မြန်မာပြည်သူများ၏ မျှော်မှန်းချက်နှင့်ကိုက်ညီမှုရှိရန် လိုပြီး ရေရှည်တည်တံ့သော အဖြေဖြစ်ရေးအတွက် ဆောင်ရွက်သည့် အစီအစဥ်ဖြစ်ရန် အလွန်အရေးကြီးကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ အသံကို အလေးအနက်ထား နားထောင်ရန်နှင့် ပြည်သူများ၏ မျှော်မှန်းချက်ဆန္ဒကို ရိုးသားစွာလေးစားကြရန်လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ယမန်နေ့(သြဂုတ် ၂၁ရက်)တွင် ကျင်းပသော High-level Open Debate on Peacebuilding and Sustaining Peace တံခါးဖွင့်ဆွေးနွေးပွဲ၌ တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို မြန်မာပြည်သူများထက် မည်သူတစ်ဦးတစ်ယောက်ကမျှ ပို၍ သိရှိနားလည်နိုင်မည် မဟုတ်ကြောင်းနှင့် မိမိတို့ထက် မည်သူ့ကမျှ မြန်မာနိုင်ငံအား ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသောနိုင်ငံ ဖြစ်စေလိုသည့်ဆန္ဒ သာလွန်ကိန်းဝပ်နေမည်မဟုတ်ကြောင်း သံအမတ်ကြီးက လုံခြုံရေးကောင်စီ၌ ပြောသည်။

လက်ရှိအခြေအနေတွင် မြန်မာပြည်သူများ အထူးလိုအပ်နေသည်မှာ နိုင်ငံတကာအသိုက်အဝန်း၏ လက်ငင်း၊ တိကျပြတ်သားသော အရေးယူဆောင်ရွက်မှုပင်ဖြစ်သည်ဟု ဆက်ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းသည် စစ်တပ်အား တသီးတခြား ဖယ်ကြဥ်နိုင်ရန်နှင့် ၎င်းတို့ထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေးစီးဆင်းမှုအားလုံး ဖြတ်တောက်နိုင်ရန် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် အားထုတ်မှသာလျှင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်း တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဟု သံအမတ်ကြီးက အသိပေးသည်။

ထိုသို့ဖြစ်စေရန် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပြီး လုံခြုံရေးကောင်စီအနေဖြင့် ယခုပင် အရေးယူ ဆောင်ရွက်ရန် မြန်မာသံအမတ်ကြီးက တိုက်တွန်းတောင်းဆိုသည်။

မြန်မာပြည်သူများက နိုင်ငံတကာအသိုက်အဝန်းအား ထိရောက်သော အရေးယူဆောင်ရွက်ချက်များနှင့် အကူအညီများပေးအပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုနေမှုကို မျက်ကွယ်ပြုခံခြင်းသည့်အပေါ် စိတ်ပျက်မိသည့်အခြေအနေကိုလည်း သံအမတ်ကြီးက အသိပေးသည်။

ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက်ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းနှင့် စစ်တပ်အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခွင့် လိုင်စင် လက်ဝယ်ရရှိနေခြင်းကို ပိုမိုရှည်ကြာစေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

ယခုကဲ့သို့ ကြာညောင်းသော ကာလတလျှောက်တွင် မြန်မာ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ လူငယ်လူရွယ်များမှာ တရားခံစစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် နိုင်ငံတကာရာဇဝတ်မှုများ၏ ဒဏ်ကို ခါးစည်းခံနေရကြောင်း ထပ်မံအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘူယဘူတာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

ကုလသမဂ္ဂမှာ ‌သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်နိုင်ဖို့ ထောက်ခံကြောင်းပြသတဲ့ Our Ambassador - Our Voice လှုပ်ရှားမှု စာမျက်နှာကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လုံခြုံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ထားတယ်လို့ People Movement Platform-Myanmar က အသိပေးထားပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။