Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ခုတိုးချဲ့ဖွဲ့စည်းထားဟု ပြည်ရဲဌာန KSP အသိပေး

ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ခုကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန KSP က ယနေ့ ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးနှင့် မူခင်းကြိုတင်ကာကွယ်ရေးအတွက် KSP တပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - ကရင်နီပြည်ရဲဌာန

ရဲခေါင်/People’s Spring

ကရင်နီပြည်အတွင်း မြို့နယ်ရဲဌာနမှူးရုံး၊ရဲစခန်းနှင့် ရဲကင်း ၂၇ခုကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန KSP က ယနေ့ ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၅ ရက်)တွင် ဖွဲ့စည်းခြင်းသုံးနှစ်ပြည့်အစီရင်ခံစာထုတ်ပြန်ရာတွင် အသိပေးထုန်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ကစ၍ CDM ရဲများ နှင့် အဖွဲ့ဝင်သစ်များပါဝင်သော ကရင်နီပြည်ရဲဌာနအနေဖြင့် ဖွဲ့စည်းကာ စိုးမိုးနယ်မြေများတွင် ရဲစခန်းရှစ်ခု ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

ယခု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရဲစခန်းခြောက်ခု ၊လုံခြုံရေးရဲကင်း ၁၆ ခုနှင့်မြို့နယ်ရဲဌာနမှူးရုံး ၅ခုကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

“ရဲစခန်းပေါင်း ၁၄ ခုရှိသွားပါပြီ။အမှုအများစုကတော့ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဖမ်းဆီးပါတယ်။တချို့ အမှုတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်”ဟု KSP တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရဲလုပ်ငန်းအားစိတ်ဝင်စားသည့် လူငယ်များကို စိစစ်ရွေးချယ်ပြီး အခြေခံရဲသင်တန်းကို အမှတ်စဥ်(၁)မှ (၈)အထိ ၊ရဲအရာရှိသင်တန်း အမှတ်(၁)ကို အောင်မြင်စွာဖွင့်နိုင်ခဲ့ကြောင်း အသိပေးသည်။

ကရင်နီပြည်ရဲဌာနတွင် အဖွဲ့ဝင်အင်အား အမျိုးသား ၅၅၈ ဦးနှင့် အမျိုးသမီး ၁၈၀ဦးဖြင့် တရားဥပဒေစိုးမိုးရေး၊ပြည်သူ့ဝန်ဆောင်မှု နှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အစီရင်ခံစာက ဆိုသည်။

စစ်ကောင်စီနှင့်သက်ဆိုင်သည့် အမှု၊လူသတ်မှု၊မုဒိမ်းမှု၊ခိုးမှု၊မူးယစ်ဆေးဝါးမှု၊မူးရစ်ရမ်းကားမှု ၊အိမ်တွင်းအကြမ်းဖက်မှုစသည့် အမှုများနှင့်ပတ်သက်ပြီး သုံးနှစ်တာကာလအတွင်း အမှုပေါင်း ၅၂၀ခု အရေးယူခဲ့ကြောင်း KSP က ဖော်ပြသည်။

ဖရူဆိုမြို့နယ်၊မိုဆိုကျေးရွာအနီး စစ်ကောင်စီ၏ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခဲ့သည်အမှု၊ပင်လောင်းမြို့နယ် နမ်းနိန်ကျေးရွာဘုန်ကြီးကျောင်း၌ သံဃာများနှင့် ဒေသခံများ ကို သတ်ဖြတ်မှု နှင့် စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေးငယ်များသေဆုံးရသည်ကို သက်သေအချက် အလက်များစုဆောင်းနိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်ချိတ်ဆက်ကာ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် မီဒီယာများထံသို့ ချပြနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

နယ်မြေဒေသအကျယ်အဝန်းအရ ပြည်သူလူထုအားရဲဝန်ဆောင်မှု ပိုမိုပေးနိုင်ရန် အဖွဲ့ဝင်သစ်များလိုအပ်ချက် နှင့် လက်နက်ခဲယမ်းနည်းပါးမှု၊ရဲဝတ်တန်ဆာ၊နယ်မြေစိုးမိုးရေးအတွက် ယာဥ် လိုအပ်မှုများ အပါအဝင် တော်လှန်ရေးကာလ ဖြစ်သည့်အတွက် နယ်မြေစိုးမိုးမှုမရှိသောဒေသများတွင် ဖြစ်ပွာသည့် ရာဇဝတ်မှုများ၊စစ်ရာဇဝတ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သတ်၍ သတင်းအချက်အလက်ရယူခြင်း သက်သေစုဆောင်းခြင်းနှင့် အခြားရဲလုပ်ငန်းများ လုပ်ကိုင်ရန်အခက်အခဲမှာ KSP ၏ စိန်ခေါ်မှုများဖြစ် သည်။

အာဏာရှင်စနစ်ကိုဆန့်ကျင်၍ ဖက်ဒရယ်စနစ်ကိုအခြေခံကာ လူထုကိုဗဟိုပြုပြီး ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအောက်၌ တရားဥပဒေစိုးမိုးရေး၊လုံခြုံရေး၊ဝန်ဆောင်မှုများပေးရာတွင် ရေးဆွဲပြဌာန်းထားသည် ဥပဒေ၊နည်းဥပဒေများအပြင် ကမ္ဘာ့ ကုလသမဂ္ဂက၏အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လိုက်နာဆောင်ရွက် မည်ဟု KSPက ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း

ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။