Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ နယ်စပ်နားမှာ တရုတ်စစ်တပ် ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မယ်

တရုတ် စစ်တပ် (PLA)ဟာ မြန်မာနဲ့ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ၃ ရက်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊နိုဝင်ဘာလအတွင်း မြန်မာနယ်စပ်အနီးမှာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်ပုံ

People’s Spring

တရုတ် စစ်တပ် (PLA)ဟာ မြန်မာနဲ့ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ၃ ရက်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ယူနန်ပြည်နယ်ထဲက မြန်မာ့ နယ်နိမိတ်နဲ့ ထိစပ်ရာ ဧရိယာတွေမှာ ဩဂုတ် ၂၇ ရက်နေ့ကစလို့ လက်နက်အစစ်၊ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုကို အစပြုမယ်လို့ PLA က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးလေ့ကျင့်မှုကို နေရာတချို့ ခွဲဖြန့် ပြုလုပ်မှာဖြစ်ပြီး ရွှေလီ၊ ဟူယီ၊ ဝမ်ထင်၊ ဇန်ခန်းစတဲ့ မြို့တွေတဝိုက်မှာ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

စစ်ရေးလေ့ကျင့်မယ့် ကာလအတွင်း တားမြစ်နယ်မြေ သတ်မှတ်ထားတဲ့ နေရာတွေမှာ ဖြတ်သန်းသွားလာမယ့် လူတွေ၊ ယာဉ်တွေဟာ အာဏာပိုင်တွေရဲ့ တိတိကျကျ ညွှန်ကြား ပြသပေးတဲ့ လမ်းကြောင်းတွေကို အသုံးပြုကြဖို့ ယူနန် ပြည်နယ် အစိုးရက တိုက်တွန်းထားပါတယ်။

ဒါကြောင့် စစ်ရေးလေ့ကျင့်မှုတွေအတွင်း အဲဒီနေရာတွေကို လုံးဝဥဿုံ အသွားအလာ ပိတ်ဆို့မထားတဲ့ အဓိပ္ပါယ်အဖြစ် ယူဆနိုင်ပါတယ်။

အခု စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ဟာ ဒေသဆိုင်ရာ စစ်ရေးကွပ်ကဲမှု ဌာနအောက်မှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးစွမ်းရည်၊ လျင်လျင်မြန်မြန် ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း၊ ပူးပေါင်း စစ်ဆင်နိုင်စွမ်းတွေကို အကဲဖြတ်ဖို့နဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အားဖြည့်ဖို့ ဖြစ်တယ်လို့ PLA က ကြေညာခဲ့ပါတယ်။

မြန်မာဖက်ခြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်မီးပွားက တရုတ်ရဲ့ နယ်စပ်လုံခြုံရေးအတွက် ခြိမ်းခြောက် သက်ရောက်သလို ဖြစ်လာတဲ့နောက် PLA ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ရွှေလီနဲ့ ဇန်ခန်းကို တပ်တွေ ဖြည့်တင်း ပို့လွှတ်ပြီး အခုလိုမျိုး စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကိုပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အရင်ကလည်း မြန်မာဖက်ခြမ်းမှာ စစ်ပွဲတွေ အရှိန်မြင့်ခဲ့တဲ့နောက် ဧပြီလတုန်းက တရုတ်ဟာ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့ပါသေးတယ်။

အဲဒီတုန်းက PLA ဟာ မြန်မာဖက်က စစ်ရေး ပြဿနာတွေက နယ်စပ်ဒေသရဲ့ တည်ငြိမ်ရေးနဲ့ အေးချမ်းမှုကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲခဲ့ပြီး တရုတ်ဟာ နိုင်ငံသား ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ လိုအပ်တဲ့ အစီအမံ အားလုံး လုပ်ဆောင်မယ်လို့ သတိပေးခဲ့ဖူးပါတယ်။

ယူနန်ပြည်နယ်ဟာ မြန်မာနဲ့ ကီလိုမီတာ ၂၀၀၀ လောက် ရှည်လျားတဲ့ နယ်စပ် ထိစပ်နေပါတယ်။

တရုတ်ဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို မူအားဖြင့် ဆက်လက် ထောက်ခံ ရပ်တည်နေပေမယ့် တစ်ဖက်မှာလည်း နယ်စပ်ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေအပေါ် ကြီးကြီးမားမား ဩဇာ လွှမ်းမိုး တည်ဆောက်ထားပါတယ်။

ကိုးကား – SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၂၂ နှစ်အရွယ် ခရီးသွား ဧည့်သည် မိန်းကလေးဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်မသွားခင်က မယ်ဆိုင်ဒေသကို သွားရောက်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

နိုင်ငံတကာ

ထိုင်းဖက်က လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ရပ်တန့်လိုက်တဲ့ မြို့တွေကတော့ ရွှေက္ကိုလ်နဲ့ ဘန်လီလီကို မြို့သစ်တွေဖြစ်ပြီး နှစ်ခုစလုံးက ကရင်ပြည်နယ် နယ်နိမိတ်ထဲမှာ တည်ရှိနေပါတယ်။

News

မုန်တိုင်းအရှိန်ကြောင့်မေ ၁၀ ရက်မှ မေ ၁၄ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်ကာ ဒေသအများစု သာမာန်ထက်ပိုသည့် မိုးရေချိန်များဖြင့် မိုးကောင်းနိုင်သည်ဟု GDACSက ခန့်မှန်းထားသည်။

News

စစ်ရေးပဋိပက္ခကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးရတာတွေရှိနေသလို မြန်မာဘက်ခြမ်းက တောတောင်တွေနဲ့ သောင်းရင်းမြစ်ကမ်းနံဘေးတစ်လျှောက်မှာလည်း ထွက်ပြေးခိုလှုံနေထိုင်နေရတာ ဖြစ်ပါတယ်။