Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာ အမျိုးသမီး နိုင်ကျဉ်းတွေဖိနှိပ်ခံနေရ

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေ က လေးခွ နဲ့ပစ်ခတ်တာကြောင့် ၈ ဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၆ ဖွဲ့က ထုတ်ပြန်ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒိုက်ဦးအကျဉ်းထောင်

ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေ က လေးခွ နဲ့ပစ်ခတ်တာကြောင့် ၈ ဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၆ ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ သြဂုတ်လ ၁၉ ရက်ကဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအကျဉ်းသူတွေ ရေချိုးရာ နေရာ ဆီ ထောင်ဝန်ထမ်းအမျိုးသားတွေ ဝင်ထွက်တာကို တိုင်ကြားရာကနေ စကားများကြပြီး လေးခွနဲ့ ပစ်ခတ်ခံရတာလို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပြီး နောက်ရက် သြဂုတ်လ ၂၀ ရက်ည အချိန်မှာ အမျိုးသားထောင်ဝန်ထမ်းတွေ ပါတဲ့ အဖွဲ့က သေနတ် ၊ ရာဘာတုတ်၊ ကျဉ်စက် ၊ လေးခွ စတဲ့ လက်နက်တွေ ကိုင်ဆောင်ပြီး အမျိုးသမီး အဆောင်ကို ဝင်ရောက်ခဲ့တာရှိတယ်လို့ နိုင်ကျဉ်းအရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၆ ဖွဲ့က ဆိုပါတယ်။

အခုလို ညအချိန်မှာ လက်နက်အပြည့်အစုံနဲ့ အမျိုးသမီးအဆောင်တွေကို ဝင်ရောက်တာကြောင့်အမျိုးသမီးနိုင်ကျဉ်းတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း အသိပေးပါတယ်။

ဒိုက်ဦးထောင်မှာ အမျိုးသမီးနိုင်ကျဉ်းအပေါ် ဖိနှိပ်မှုတွေရှိနေတယ်လို့ နိုင်ကျဉ်းအရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၆ ဖွဲ့က တပါတည်းအသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ဆီ ပြောင်းရွှေ့ခံရတဲ့ အမျိုးသမီး နိုင်ကျဉ်း ၄၀ ဦး ကို မူးယစ်ဆေးဝါးနဲ့ တရားမဝင်ပစ္စည်းတွေ တွေ့ရှိရတယ်ဆိုပြီး အမျိုးသမီးဆောင်ကို သေနတ်ပစ်ဖောက်တာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ရိုက်နှက်တာ ၊လေးခွ ၊ အုတ်နီခဲတွေ နဲ့ ပစ် ပေါက်တာတွေကြောင့် အမျိုးသမီး နိုင်ကျဉ်း အချို့ ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် ဆေးကုသမပေးဘဲ တိုက်ပိတ်ပစ်ခဲ့တယ်လို့ နိုင်ကျဉ်းအရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၆ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းခံရသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေ ဖြစ်ပြီး လက်ရှိ အချိန်ထိ အမျိုးသမီးဦးရေ ၄ ,၀၀၀ ကျော် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP )ရဲ့စာရင်းအရ သိရပါတယ်။

ဖမ်းခံရသူအမျိုးသမီးတွေဟာ ရန်ကုန်တိုင်း ၊ မန္တလေး ၊ စစ်ကိုင်း ၊ပဲခူး ၊တနသ်ာရီ ၊မကွေးနဲ့ ဧရာဝတီတိုင်းတို့ က အများဆုံး ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ