Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို အိမ်တိုင်ရာရောက်လိုက်လံခေါ်ယူနေ

မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် အဓမ္မ လိုက်လံခေါ်ဆောင်တာတွေ အခုရက်ပိုင်းမှာ ပြုလုပ်လာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

အာဏာသိမ်းပြီးနောက် မန္တလေးမှာ အင်အားပြတဲ့ စစ်ကောင်စီယာဉ်တန်း (ဓာတ်ပုံ − ရိုက်တာ)

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် အဓမ္မ လိုက်လံခေါ်ဆောင်တာတွေ အခုရက်ပိုင်းမှာ ပြုလုပ်လာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဖို့ စာရင်းထဲပါတဲ့ လူငယ်တွေရဲ့နေအိမ်တွေဆီ လိုက်လံခေါ်ဆောင်နေတာပါ။

Public Service Announcement

Public Service Announcement

” စာရင်းထဲပါတဲ့သူက မလာနိုင်ရင် အိမ်ကလူကြီးတစ်ယောက်ရုံးကိုလာပြီး လာမှတ်ထိုးခိုင်းတယ်၊သူပြန်ရောက်တဲ့အချိန်လာအပ်ပါ့မယ်ပေါ့” လို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာနေထိုင်သူဒေသခံ တစ်ဦးက ပြောပါတယ်။

မန္တလေးမှာအရင်က စစ်မှုထမ်းဖို့ စစ်သားစုဆောင်းတာကို ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်တွေက ကျေးရွာတွေကို ပစ်မှတ်ထားရာကနေ အခုတော့ မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ အဓမ္မ ခေါ် ယူ တာတွေ ရှိလာတာပါ။

အခုလို နေအိမ်မှာ လိုက်လံခေါ်ဆောင်တာအပြင် လမ်းမှာတွေ့တဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲတာတွေရှိနေပါတယ်။

မန္တလေးမှာ လူငယ်တွေ ကိုပေါ်တာဆွဲပြီး စစ်တပ်ထဲ အတင်းအဓမ္မ ထည့်နေတာတွေရှိနေတယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ ပျုစောထီးခေါင်းဆောင် သဃ်န်းဝတ် ပေါက်ကိုယ်တော်က ဝန်ခံထားပါတယ်။

သြဂုတ်လအတွင်း မန္တလေး ၊တံတားဦးမြို့နယ်ထဲမှာ အရပ်သား၁၀၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းပို့ရာမှာ သူရဲ့မိတ်ဆွေတွေပါသွားတယ်လို့ ပေါက်ကိုယ်တော်က လူမှုကွန်ရက်ကနေ ပြောထားပါတယ်။

မန္တလေးဟာ စစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ တိုင်းဖြစ်ပြီး စစ်ရေးအရ ခြိမ်းခြောက်ခံနေရတဲ့ ဒေသလည်းဖြစ်ပါတယ်။

မန္တလေးနဲ့ မိုင် ၂၀ အကွာအဝေး အထိ တိုက်ပွဲတွေ ဖြစ်ထားသလို မန္တလေး PDF ဟာ စဉ့်ကူး ၊ သပိတ်ကျင်းမြို့တွေကို သိမ်းယူထားနိုင်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးကိုရောက်လာပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်အရာရှိတွေကိုတွေ့ဆုံကာ ရပ်ကွက်အလိုက် ၊လမ်းအလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့ပြီး နယ်မြေစိုးမိုးနိုင်အောင်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook