Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပအထည်ချုပ်လုပ်သားများက ILO ထံ တောင်းဆို

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ပုဒ်မ ၃၃အရ အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပရှိ အထည်ချုပ်လုပ်သားများက တောင်းဆိုသည့်ကမ်ပိန်းကို ယနေ့ (ဩဂုတ် ၂၉)ပြုလုပ်ခဲ့သည်။

အထည်ချုပ်လုပ်သားများ ကမ်ပိန်းလုပ် တောင်းဆိုနေစဉ်။ ဓာတ်ပုံ - CTUM

သတိုး၊သုည/People’s Spring

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ပုဒ်မ ၃၃အရ အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပရှိ အထည်ချုပ်လုပ်သားများက တောင်းဆိုသည့်ကမ်ပိန်းကို ယနေ့ (ဩဂုတ် ၂၉)ပြုလုပ်ခဲ့သည်။

လုပ်ငန်းခွင်များအတွင်း လုပ်သားများ​၏ ကိုယ်ရေးအချက်အလက်များအား စစ်ကောင်စီက စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက တဆင့် ကောက်ခံမှုများပြုလုပ်၍ လုပ်သားများက ကမ်ပိန်းပြုလုပ်ပြီး တောင်းဆိုခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် စစ်မှုထမ်းရန်စေခိုင်းလိုသောကြောင့် အလုပ်သမားများ​၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခိုင်းခြင်းဟု လုပ်သားများက ဆိုသည်။

အဆိုပါ ကမ်ပိန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(CTUM) ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

“Free Myanmar ILO Implement Article 33 on Myanmar Junta Now” ၊ “အကြမ်းဖက်စစ်ကောင်စီကို ILO ပုဒ်မ ၃၃ဖြင့် ချက်ချင်းအရေးယူပေး” ဆိုသည့်စာသားများကို အထည်ချုပ်အလုပ်သမားများက လုပ်ငန်းခွင်အတွင်း ကိုင်ဆောင်၍ ကမ်ပိန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ILO ပုဒ်မ ၃၃တွင် ILO အဖွဲ့ဝင်နိုင်ငံများသည် ILO ၏အခြေခံပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိဘဲ ကျူးလွန်သည့်နိုင်ငံကို အရေးယူမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် လွပ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ အချက်အလက်များကို ချိုးဖောက်ကြောင်း ILO ဘက်မှ သက်သေအထောက်အထားများဖြင့် အတည်ပြုထားသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသူများက ဆိုသည်။

စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့်အရေးယူမည့်ကိစ္စအပေါ် နိုဝင်ဘာလတွင် ပြုလုပ်မည့် ILO အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေး၌ ဆွေးနွေးမည်ဖြစ်ကြောင်း CTUM က ထုတ်ပြန်ထားသည်။

အထည်ချုပ်လုပ်သားများ ကမ်ပိန်းလုပ် တောင်းဆိုနေစဉ်။ ဓာတ်ပုံ – CTUM

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။