Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကော်ဘရာပူးပေါင်းတပ် သိမ်းပိုက်ခံရပြီးနောက်တွေ့ရသော ရေကန်ကုန်းစခန်း မြင်ကွင်း။ ဓာတ်ပုံ - Federal Wings

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ်ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ယခုရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကော်ဘရာအဖွဲ့က မစ်ဇိုင်းတွေနဲ့ ထုပြီး ဝိုင်းထားတယ်။ စကစတောင်ပေါ်မှာ အောက်လည်းဆင်းလို့မရဘူး။ ပိတ်မိနေပြီ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)တပ်ကလည်း ပစ်ကူမပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။

အဆိုပါစွယ်တော်ကုန်းတပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်များက ယခင်က မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

” နောက် နှစ်ရက်။ သုံးရက်ဆိုရတော့မယ်ထင်တယ်။ အလံဖြူထောင်တာ စောင့်နေတာ။ တောင်ပိုင်းလည်း ပွဲကတော့မယ်ဆိုတာ ပြတာပေါ”ဟု တောင်ပိုင်းတိုင်းစစ်ဒေသ၌ ထောက်ပို့ပြုလုပ်နေသော ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

Facebook