Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ​သေဆုံးထိခိုက်မှုများ

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၈၀ ထက်မနည်းသေဆုံးကြောင်း စစ်ကောင်စီမိသားစုဝင်၊ ဒေသခံနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

စစ်တပ်က အင်း​တော်ဟိုတယ်အ​ဆောက်အအုံကို သဲအိတ်များတင်၍ ခံစစ်ပြုလုပ်ခဲ့သဖြင့် ပျက်စီး​နေသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ ၊ Kachin Wave

ဇော်ရမ်း/People’s Spring

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၈၀ ထက်မနည်းသေဆုံးကြောင်း စစ်ကောင်စီမိသားစုဝင်၊ ဒေသခံနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို အမှတ်(၁)စစ်ဒေသက ကွပ်ကွဲမှုဖြင့် ​​တော်လှန်​ရေး ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၁၆ရက်နေ့မှ စတင်တိုက်ခိုက်နေပြီး ယနေ့(စက်တင်ဘာလ ၁ရက်)ဆိုလျှင် တိုက်ပွဲကာလ ၁၇ရက်ရှိလာပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်တပ်ရော ရဲရောဆို သေဆုံးတာ ၁၈၀ အထက် ရှိပြီ။ ကျမအဖေတောင် ဒဏ်ရာရထားတယ်။ စစ်တပ်က လုံလောက်တဲ့ဆေးကုမပေးဘဲ ဂျပန်လှိုဏ်ဂူမှာ ထားထားတယ်” ဟု စစ်ကောင်စီမိသားစုဝင်တစ်ဦးကပြောသည်။

ဒေသခံတစ်ဦးကလည်း ” သေတဲ့သူတွေကို သူတို့ ဒီအတိုင်းထားခဲ့တာတွေ ရှိတယ်။ အရာရှိလောက်ပဲ ပြန်ဆွဲသွားတာ။ မြို့ကတော့ တော်တော်‌လေး ပျက်တာရှိပြီး ပွဲပြီးမှ ပြန်ဝင်နိုင်မှာ”ဟုပြောသည်။

တိုက်ပွဲများအတွင်း အင်းတော်မြို့ရဲစခန်းကိုဩဂုတ်လ ၂၄ရက် မွန်းလွဲပိုင်း၌ ပူးပေါင်းတပ်ကသိမ်းယူနိုင်ခဲ့ပြီး အချုပ်သားအချို့ကယ်ထုတ်နိုင်ခဲ့သည်။ စစ်ရေးအရ အရေးပါသည့် အင်းတော်မြို့ နဘားလမ်းဆုံကိုလည်း ပူးပေါင်းတပ်ဖွဲ့များကဩဂုတ်လ ၂၂ရက်တွင် သိမ်းယူခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့အဝင်ရှိ ဂျပန်လှိုဏ်ဂူ နှင့် ဗျူဟာကုန်း၌ တပ်စွဲထားသည်။ ယင်းနှစ်နေရာစလုံး၌ တပ်မ(၇၇)လက်အောက်ခံစစ်ကောင်စီတပ်ရင်းများ တပ်စွဲလုခံ​နေခြင်းဖြစ်ပြီး ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်။

“စစ်တပ်ဘက်က သေဆုံးစာရင်းက တကယ့်ကိုပဲ များပါတယ်။ တိုက်ပွဲက ပြင်းထန်နေပါတယ်။ လက်ရှိစစ်ရေးကတော့ အပြင်ထန်ဆုံးအခြေအနေဖြစ်ပြီး လေကြောင်းကနေ လာပစ်တာတွေလည်း ရှိနေပါတယ်” ဟု မြေပြင်စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။

ထို့အပြင်စစ်​ကောင်စီတပ်သည် အင်း​​တော် ဟိုတယ်အပါအဝင် အထပ်မြင့်ပြီး အခိုင်အမာတည်​ဆောက်ထား​သော အ​ဆောက်အအုံများ​ပေါ်တွင် သဲအိတ်များဖြင့် ခံစစ်လုပ်ခုခံသဖြင့် တိုက်ပွဲအတွင်းအ​ဆောက်အအုံများပျက်စီးမှူ များသည်ကိုသတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

ပူးပေါင်းတပ်ဖွဲ့များသည် အင်းတော်မြို့သိမ်းတိုက်ပွဲအတွက် ပြီးခဲ့သည့် ဇွန်လကတည်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။တပ်မ(၇၇)လက်အောက်ခံ ခလရ(၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်ဆွဲ ထားပြီး အင်တော်မြို့အား ကာထားသည့်နံ့သာရွာစခန်းကို ဇွန်လ ၂၈ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲ၌လည်း စစ်တပ်မှ ဗိုလ်ကြီး ပြုံးမောင်မောင်အပါအဝင် ၁၄ဦး သေဆုံး(အလောင်းရ)ပြီးလက်နက်များအပြား သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)ဒေသကသတင်းထုတ်ပြန်ထားသည်။

နံ့သာရွာစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်ဇွန်လ ၂၂ရက်ညတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ အဆိုပါရွာဘုန်းကြီးကျောင်းအားထိမှန်ခဲ့ပြီးအသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၁၀၀ နှစ်အရွယ်အဖွားအိုတဦးအပါအဝင်ဒေသခံ ၁၇ဦး သေဆုံးခဲ့သည်။ ‌လက်ရှိတွင် အင်းတော်၊ထီးချိုင့်၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲများ တပြိုင်နက်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။

(စစ်တပ်က အင်း​တော်ဟိုတယ်အ​ဆောက်အအုံကို သဲအိတ်များတင်၍ ခံစစ်ပြုလုပ်ခဲ့သဖြင့် ပျက်စီး​နေသည်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ ၊ Kachin Wave)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။