Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​ရေယာဥ်အုပ်စု မြစ်ကမ်း​ဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်၍ ကသာမှပြည်သူသုံးသေဆုံး

စစ်တပ်​ရေယာဥ်အုပ်စု။ ဓါတ်ပုံ-TR

သားကြီး/People’s Spring

ထီးချိုင့်မြို့မှတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း လေကြောင်းလုံခြုံရေးယူဆန်တက်နေသည့် စစ်ကောင်စီတပ်​ရေယာဥ်ငါးစင်းက မြစ်ကမ်းဘေးတလျှောက် ရမ်းသမ်းပစ်ခတ်ရာ ကသာမြို့နယ်မှ အရပ်သားသုံးသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ ​ရေယာဥ်ငါးစင်းသည်စက်တင်ဘာလ ၁ ရက်က ထီးချိုင့်မြို့နယ်သို့ရောက်ရှိလာပြီး ယနေ့တွင် ကသာမြို့နယ်ဘက်သို့ဆက်လက်ဆန်တက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တောက်လျှောက်ပစ်လာတာ။ မြစ်ကမ်းနဲ့ ပိုဝေးတဲ့နေရာကို ရှောင်ကြရတာပေါ့။ လေကြောင်းကလည်း ဝဲလိုက်လာတော့ မလုံခြုံမှု ခံစားရတာပေါ့”ဟု​ ဒေသခံတစ်ဦးက​ပြောသည်။

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကသာမြို့နယ် အင်းရွာလေး၊ ကလုံနှင့် အင်းရွာတို့တွင် ဒေသခံသုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီသည် အရပ်သားနေအိမ်များအပြင် မြစ်ကမ်းဘေး၌ ရပ်တန့်ထားသော ဒေသခံများ၏ စက်လှေ နှင့် မော်တော်များကိုပါ ပစ်ခတ်ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီ​ရေယာဥ်အုပ်စုတွင် လက်နက်၊စက်သုံးစီနှင့် ရိက္ခာများပါဝင်လာသည်ဟု သိရသည်။

ယနေ့(စက်တင်ဘာလ ၂ရက်)ညတွင် ကသာမြို့နယ် သဖန်းကိုင်းရွာဆိပ်၌ ရပ်နားထားပြီး အထက်ဘက်သို့ဆက်လက်ဆန်တက်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယူဆထားသည်။

ဧရာဝတီမြစ် ကြောင်းအတိုင်းဆန်တက်ပါက ကသာမြို့ကိုကျော်လျှင် ကချင်ပြည်နယ်ရွှေကူမြို့သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် ဗန်းမော်မြို့အထိ မြစ်​ကြောင်းအတိုင်းသွားနိုင်သည်။

သြဂုတ်လမှ စ၍ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်အစပ်ရှိ ထီးချိုင့် ၊အင်း​တော် ၊ပင်လယ်ဘူးမြို့တို့တွင် တိုက်ပွဲများပြင်းထန်​နေသည်။ ကချင်ပြည်နယ်တွင်လည်း မိုး​မောက် နှင့် ဗန်းမော်မြို့ကြားရှိ ဗန်း​မော်မြို့ခံစစ်အတွက် အ​ရေးကြီး​သော ခမရ (၄၃၇ ) ခြေလျင်တပ်ရင်းကို KIA ဦး​ဆောင်​သောပူး​ပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထားသည်။ထို​ကြောင့် ဗန်း​မော်မြို့ရှိ စစ်​ကောင်စီ တပ်ရင်းများကို ခြိမ်း​ခြောက်ထားပြီဖြစ်သည်။ စစ်​ကောင်စီက မိုး​မောက်တွင်ကျသွား​သော ခမရ (၄၃၇) ကိုစစ်​ကြောင်းထိုး၍ ပြန်သိမ်းရန်ကြိုးစား​သော်လည်း KIA ၏ ကြားဖြတ်တိုက်ခိုက်မှု​ကြောင့်​သေဆုံးဒဏ်ရာရသူများစွာဖြင့် အထိနာ​နေသည်။

ထိုအ​ခြေအ​နေတွင် စစ်​ကောင်စီက ​ရေယာဥ် အုပ်စု​စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထို​ရေယာဥ်များကို စက်တင်ဘာ ၁ ရက်တွင် ထီးချိုင့်မြို့နယ်၌ ဧရာဝတီမြစ်အ​ရှေ့ခြမ်း KIA နှင့် ပူး​ပေါင်းတပ်များက တိုက်ခိုက် ရာ ၂ စီးကိုထိမှန် ပျက်စီးခဲ့​ကြောင်း KIA ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး​နော်ဘူက People’s Spring သို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်

သတင်း

မေ -၁၆၊၂၀၂၆။မိုမို/People’s Spring တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့...

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့် - ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေက ပြောပါတယ်။