Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်တွင် ကျန်းမာရေးမကောင်းသည့် နိုင်ကျဥ်းတစ်ဦးကို အကျဉ်းသားအခန်းလူကြီးက လိင်တူချင်းအဓမ္မပြုကျင့်မှုဖြစ်

အင်းစိန်ထောင်အတွင်းရှိ ထောင်ဆေးရုံတွင် တီဘီရောဂါအတွက် တီဘီသမားများထားသည့်အခန်း၌ ဆေးကုသမှုခံယူနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီးမှ လိင်တူချင်းအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ယနေ့ စက်တင်ဘာ ၄ ရက်တွင် အသိပေးထုတ် ပြန်သည်။

အင်းစိန်အကျဉ်းထောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

အင်းစိန်ထောင်အတွင်းရှိ ထောင်ဆေးရုံတွင် တီဘီရောဂါအတွက် တီဘီသမားများထားသည့်အခန်း၌ ဆေးကုသမှုခံယူနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီးမှ လိင်တူချင်းအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ယနေ့ စက်တင်ဘာ ၄ ရက်တွင် အသိပေးထုတ် ပြန်သည်။

အဓမ္မပြုကျင့်ခံရသည့် နိုင်ငံရေးအကျဥ်းသားမှာ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ၎င်းအား စစ်ကောင်စီက ပုဒ်မ(၅၀)ညဖြင့် ထောင်ဒဏ်(၁၁)နှစ်ချမှတ်ခံထားရသူဖြစ်ကာ ကျူးလွန်ခဲ့သူမှာ ပုဒ်မ ၃၇၆ မုဒိန်းမှုဖြင့် ထောင်ဒဏ် (၁၀)နှစ်ကျခံနေရသူဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရာဇဝတ်အကျဥ်းသား ဇင်မျိုးကို (ခ) မျိုးကြီး (ဘ)မျိုးမင်းဆွေအား စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက အကျဥ်းသားအခန်းလူကြီးအဖြစ်တာဝန်ပေးထားစဥ် ဩဂုတ် ၂၀ရက် နံနက် ၃ နာရီခန့်က နစ်နာသူ နိုင်ကျဥ်းလူငယ်အား ခြိမ်းခြောက် ထိုးကြိတ်၍ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်တွင် အဆောင်မှူး အောင်ကျော်ဆင့် သည် ကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအတွက် ကျူးလွန်ခဲ့သူ အခန်းသူကြီး ဇင်မျိုးကို(ခ)မျိုးကြီးအား ထိရောက်သည့် အပြစ်ပေးအရေးယူဆောင်ရွက်မှု မပြုသည့်အပြင် မဒိမ်းမှုဖြစ်ပွားခဲ့သည့် သတင်းအား ဖုံးကွယ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထောက်ပြသည်။

ထို့အပြင် ထောင်ပြင်ပနှင့်အကျဉ်းထောင်အတွင်း သတင်းပေါက်ကြားပါက ကျူးလွန်ခံရသူနှင့် ကျူးလွန်သူနှစ်ဦးစလုံးအား တိုက်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့သည်ဟုဆိုသည်။

“အခန်းသူကြီးကို ကာကွယ်ပေးခဲ့တဲ့ အ ဆောင်မှူးအပါအဝင် ဒီလိုမျိုးကိစ္စမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ သတင်းဖုံးထားပေးခဲ့တဲ့လူတွေဟာ သူတို့ရဲ့ရာထူးအာဏာကိုအသုံးချပြီး အခွင့်အရေးချိုးဖောက်နေတာအပြင် ရာဇဝတ်မှုကိုပါ ပူးပေါင်းကြံစီတယ် ပါဝင်ပတ်သက်တယ်လို့ ပြောချင်ပါတယ်”ဟု PPNM မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

အင်းစိန်ထောင်မှ ‌အဆောင်မှူးအောင်ကျော်ဆင့် သည် ထောင်ပိုင်ဇော်လင်းအောင်၏ တပည့်အရင်းဖြစ်ကြောင်း၊ ၎င်းတာဝန်ယူ အုပ်ချုပ်ခွင့်ရသည့် အဆောင်အတွင်း ငွေကြေးရယူ၍ ရာဇဝတ်အကျဉ်းသားများကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရသည့် ရာထူးအာဏာများပေးထားကြောင်း PPNM ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် အဆိုပါအကျဥ်းသားများမှ နိုင်ငံ ရေးအကျဉ်းသားများအား လူမဆန်စွာ ဆက်ဆံခြင်း၊ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ယခုဖြစ်စဉ်ကဲ့သို့ အလိုမတူဘဲ မုဒိမ်းပြုကျင့်ခြင်းအမှုများအား ဖုံးကွယ်ပေးခြင်းဖြင့် ထောင်တွင်းစီးပွားရှာဖွေလျက် ရှိကြောင်း စုံစမ်းဖော်ထုတ်ရရှိချက်များအရ သိရသည်ဟု PPNM က ဖော်ပြသည်။

လက်ရှိတွင် နစ်နာခဲ့သော နိုင်ငံရေးအကျဥ်းသားမှာ တီဗီရောဂါခံစားနေရခြင်းကြောင့် ကိုယ်ခံအားနည်းနေကာ ဆေးကုသမှုခံယူနေရသည့်အပြင် အထက်ပါ အဓမ္မပြုကျင့်ခံရမှုဖြစ်စဥ်၌ ကိုယ်ခန္ဓာပွန်းပဲဒဏ်ရာများရရှိထားပြီး စိတ်ထိခိုက်သည့်အခြေအနေပါ ရှိနေကြောင်း PPNM ထံမှ သိရသည်။

အထက်ပါကဲ့သို့ အကျဉ်းထောင်တွင်း လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြသည့် အကျဉ်းဦးစီးဝန်ထမ်းများ၊ အကျဉ်းဦးစီးဝန် ထမ်း၏ လက်ကိုင်တုတ်များကို ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။