Connect with us

Hi, what are you looking for?

သတင်း

ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာဟု စစ်ကောင်စီ၏ ဗဟိုဘဏ် ဝန်ခံ

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

ကြည့်မြင်တိုင်မြို့နယ် ညဈေးတနေရာတွင် ဈေးဝယ်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS

ရဲခေါင်/People’s Spring

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၀ရက်ကထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ် ဗဟိုဘဏ်၏စာရင်းရှင်တမ်းအရ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၄ ဒသမ ၃၉ ရာခိုင် နှုန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကထက် ၁၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၂၀၂၁နောက်ပိုင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ဂဏန်းနှစ်လုံး 2 Digit သို့ရောက်ရှိလာခဲ့ကြောင်းလည်း ဗဟိုဘဏ်က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ငွေကြေးဖောင်းပွမှုနှုန်းများမြင့်တက်ရခြင်းသည် ကုန်သွယ်မှုလိုငွေပြမှုမှ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမြင့်တက်ခြင်း၊သွင်းကုန်တန်ဖိုးတွက်ချက်ရာတွင် ငွေလဲလှယ်နှုန်းမြင့်တက်၍ ကုန်တန်ဖိုးမြင့်တက်ခြင်းနှင့် လောင်စာဆီစျေးနှုန်းမြင့်တက်ခြင်းကြောင့် ကုန်စည်စျေးနှုန်းမြင့်တင်ခြင်းဟု စစ်ကောင်စီ​၏ ဗဟိုဘဏ်က အကြောင်းပြထားသည်။

“ငွေကြေးဖောင်းပွမှုက အခြေခံလူထုနဲ့ တိုက်ရိုက်အချိုးကျတယ်။ငွေကြေးဖောင်းပွလေလေ လူထုက ပိုပြီးကြပ်တည်းလာတော့တာပဲ။မူဝါဒကောင်းတွေ မရှိသ၍ စစ်ကောင်စီ လက်အောက်မှာ ဘယ်ပြည်သူမှအဆင်ပြေလာစရာမရှိဘူး။အခု ဗဟိုဘဏ်အကြောင်းပြတဲ့ ဒေါ်လာလိုအပ်ချက်ဆိုတာကြီးက သူတို့ (စကစ) ရဲ့ ဗဟိုချုပ်ကိုင်တဲ့စနစ်ဖြုတ်လိုက်မှအကုန်အဆင် ပြေလိမ့်မယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်းများမြင့်တက်နိုင်မှုကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ခုနစ်သန်းတိုးလာကြောင်းကမ္ဘာ့ဘဏ်က ယခုနှစ်ဇွန်လက ထုတ်ပြန်ထားသည်။

ပြည်တွင်းငွေကြေးဖောင်းပွမှုနှင့်အတူ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်ကျော်အတွင်း ဗဟိုဘဏ်က ငွေစက္ကူ ကျပ်ဘီလီယံ ၃၀,၀၀၀ ထက်မနည်း ရိုက်နှိပ်ဖြန့်ဝေခဲ့ကြောင်းလည်း ပြည်တွင်းစီးပွားရေး လေ့လာစောင့်ကြည့်သူအချို့က သုံးသပ်သည်။

” မြန်မာပြည်မှာက မင်းအောင်လှိုင်လက်ထက်မှာ ဘဏ်တွေကို အယုံကြည်မရှိတော့ ငွေသားတွေလိမ့်ထုတ်ကြတာလေ။ အဲလိုထုတ်တော့ ဗဟိုဘဏ်ကနေ ကြိုက်သလောက်ထုတ်ဆိုပြီး စက္ကူနဲ့လိမ့်ရိုက်ပေးတော့ ဒီလိုစာရွက်သာသာပဲရှိနေတာတဲ့အနေအထားမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ ဘယ်လိုလုပ်ပြီး ကျပ်က တန်ဖိုးကောင်းလာမှာလဲ။ ပိုက်ဆံရှိပြီဆို ငွေဝယ်ရင်ဝယ်၊ ဒေါ်လာဝယ်ရင်ဝယ်၊ မဝယ်ရင် ဘတ်ဝယ်တာပေါ့။ ဒီသမျှ ငွေကြေးတွေ ချက်ချင်းချိန်းပြစ်ကြတာပေါ့လေ။ အဲဒါတွေကြောင့်လည်း ပါတယ်။ အဓိကတော့ တိုင်းပြည်မှာ နိုင်ငံခြားဝင်ငွေ မရှိတာပေါ့”ဟု ငွေကြေးလဲလှယ်သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။