Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးပတ်ကြဲနေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့(စက်တင်ဘာ ၁၃)ည ၇နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Y-12လေယာဉ်ဖြင့် ဗုံးပတ်ကြဲနေသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column

ကိုပုဂံ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့(စက်တင်ဘာ ၁၃)ည ၇နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Y-12လေယာဉ်ဖြင့် ဗုံးပတ်ကြဲနေသည်။

“လေယာဉ်နဲ့ အတွဲလိုက်ကို ဗုံးကြဲချနေတာ။ အခုလောလောဆယ်အထိ ဗုံးအနည်းဆုံး ၅၀ လောက်ရှိနေပြီ။ တောင်ပတ်ချာလည်ကို ကြဲချပေးနေတာ”ဟု အဆိုပါ စွယ်တော်ကုန်းအနီးနေထိုင်သူ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စွယ်တော်ကုန်းအနီးရှိ တော်လှန်ရေးတပ်များဖြစ်သော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များအား ဗုံးကြဲချနေခြင်းဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

” ဝင်လုံးမှာဆိုးလို့ သူတို့လေယာဉ်နဲ့ လာချတာထင်တယ်။ ခုပြောနေရင်းကို ၆လုံးချသွားပြန်ပြီ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက Y-12လေယာဉ်တစ်စင်းတည်းဖြင့်လာခြင်းဖြစ်ပြီး ခေါက်တုံ့ခေါက်ပြန်ကြဲချနေသည်ဟု ဆိုသည်။

စစ်ကောင်စီ​၏ ဗုံးကြဲတိုက်ခိုက်မှုမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကပင် အတိုင်းသားကြားနေရသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ် ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် ၂၉ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။

အဆိုပါစွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များက ယခင်က မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook