Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် ဓါးပြတိုက်သည့်ပျူစောထီးများအား စစ်ကောင်စီပြန်ဖမ်း၍ ပျူခေါင်းဆောင်များ စိတ်ပျက်နေ

ဓါးပြတိုက်ခံရခြင်းမဟုတ်ဟု အိမ်ရှင်အား ပျူစောထီးများကခြိမ်းခြောက်ထွက်ဆိုခိုင်း

ဓါးပြတိုက်ခံရသည့်လင်မယားအား ပျူစောထီးများက ခြိမ်းခြောက်၍ ဓါးပြတိုက်ခံရခြင်းမဟုတ်ကြောင်း ထွက်ဆိုခိုင်းနေစဥ်။

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် ဓါးပြတိုက်ခဲ့သည့် မတ္တရာစစ်ဆင်ရေးမှ ပျူစောထီးများအား ရဲကဖမ်းဆီးသွား၍ ပျူစောထီးခေါင်းဆောင်များ စိတ်ပျက်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ရက်ညက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်ရှိ ဦးရဲလင်းရွှေနှင့် ဒေါ်စုစုဝင်းတို့ နေအိမ်သို့ ပျူစောထီးအဖွဲ့ဝင် ခုနစ်ဦးက ဝင်ရောက်ဓါးပြတိုက်ခဲ့သည်။ အဆိုပါပျူစောထီးအဖွဲ့မှာ အိမ်ရှင်လင်မယားအား ရိုက်နှက်နှိပ်စက်ပြီး Suzuki ခွေးဘီးလူးကားတစ်စီးအား သိမ်းဆည်းသွားခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ဓါးပြတိုက်သွားသူများမှာ မန္တလေးမြို့ရှိ ပျူစောထီးအဖွဲ့ဝင် ဇွဲထက်(ခ)ဇောင်းထက်အပါအဝင် ပျူစောထီးအဖွဲ့ဝင် ခုနစ်ဦးဖြစ်ပြီး ၎င်းတို့အား ပြည်ကြီးတံခွန်ရဲစခန်းက ဖမ်း​ဆီးထားကြောင်း နီးစပ်သူများက ပြောသည်။

အဆိုပါပျူစောထီးများသည် မတ္တရာမြို့နယ်၊ ကျောက်တံတားရွာနှင့် ထန်းပင်ကုန်းကျေးရွာတို့၌ တာဝန်ကျနေသူများဖြစ်ကြောင်း၊ မန္တလေးမြို့သို့ ခေတ္တပြန်လာချိန် ပျူစောထီးအဖွဲ့ဝင် ဇွဲထက် ၏ မိခင်အတွက် အကြွေးသွားတောင်းရင်း ဓါးပြမှုဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ပျူစောထီး များက တယ်လီဂရန်ချန်နယ်များတွင် ရေးသားနေသည်။

“စစ်ဆင်ရေးတာဝန်များကို တပ်မတော်၊ ရဲတပ်ဖွဲ့တို့နဲ့အတူထမ်းဆောင်ပြီး ခေတ္တခဏပြန်လာကြသူများဖြစ်ကြောင်းအား ရဲတပ်ဖွဲ့တာဝန်ရှိသူများအား ရှင်းပြပါသော်လည်း အခွင့်မပေးခဲ့ပါ” ဟု ပျူစောထီးတစ်ဦးက ရေးသားထားသည်။

ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်နှင့် ပျူစောထီးများသည် ဓါးပြတိုက်ခံရသည့် ဦးရဲလင်းရွှေတို့ လင်မယားနှစ်ဦးကိုလည်း ဖိအားပေးခြိမ်းခြောက်ကာ ဓါးပြတိုက်ခံရခြင်းမဟုတ်ကြောင်း ထွက်ဆိုခိုင်းပြီး ရုပ်သံမှတ်တမ်းရိုက်ကူးခဲ့သည်။ ထို့အပြင် ဓါးပြတိုက်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ ဓါးပြတိုက်ခံရသည့် လင်မယားနှစ်ဦးက တောင်းပန်ခဲ့ရသည်။

“ဒီဖြစ်စဥ်အပေါ်မှာ အနူးအညွတ်လည်းတောင်းပန်ပါတယ်”ဟု ဦးရဲလင်းရွှေက ပြောသည်။

ထို့အပြင် ယခင်ရက်ပိုင်းအတွင်းကလည်း ၃၅လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားတွင် ပျူစောထီးတစ်ဦး ဖမ်းဆီးခံရကြောင်း၊ စစ်ကောင်စီ အရာရှိကြီးများအနေဖြင့်လည်း ဓါးပြမှုဖြင့်ဖမ်းထားသည့် ပျူစောထီးများအား အရေးမယူရန် ၎င်းတို့က ရေးသားထားသည်။

“အခုအခါ မန္တလေး ပသစအဖွဲ့ဝင်တော်တော်များများက စိတ်ဓာတ်ကပျက်ပြားလျက်ရှိပြီး ဖျက်ပစ်တော့မယ်ဆိုတဲ့အထိ ဖြစ်နေပါတယ်။”ဟု ပျူစောထီးခေါင်းဆောင်တစ်ဦးက ပြောသည်။

ထို့အပြင် စက်တင်ဘာ ၁၀ရက်က မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ စစ်ကောင်စီတပ်အသိုင်းအဝိုင်းအများစုနေထိုင်သည့်ဗိုလ်ချုပ်ရွာရပ်ကွက်၌ ကျပ်သိန်း ခုနစ်သောင်းကျော်တန်ကြေးရှိ ရွှေဆိုင်ဓားပြတိုက်သူ ပျူစောထီးများဖမ်းမိရေး ပျူခေါင်းဆောင် ပေါက်ကိုယ်တော်အား စစ်​ကောင်စီရဲက အကူအညီတောင်းခဲ့ရသေးသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ရွှေဆိုင်များ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းအများအပြား ဓါးပြတိုက်ခံခဲ့ရပြီး အဆိုပါဓါးပြမှုများအား စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ပြုလုပ်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် ရန်ကုန်မြို့အတွင်း သန်းခေါင်စာရင်း‌ ကောက်ယူရာတွင် ခြိမ်းခြောက်ကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ သည် ဘုတလင်မြို့နယ်၊မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို ​အောက်တိုဘာ ၂ ရက်ညနေပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Trending

Facebook