Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် တစ်ရက်တည်း မီးနှစ်ကြိမ်​လောင်

မန္တလေးတိုင်းတောင်ဘက်ခြမ်း၌ ရေကြီး၊ရေလျှံနေချိန် မန္တလေးမြို့တွင် တစ်ရက်တည်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်​ဖြစ်ပွားခဲ့သည်။

မီးလောင်နေသည့် ပြည်ကြီးတံခွန်ရှိစက်ရုံအား မီးငြှိမ်းသတ်နေစဥ်။ ဓာတ်ပုံ-MFSD

အင်ကြင်း/People’s Spring

မန္တလေးတိုင်းတောင်ဘက်ခြမ်း၌ ရေကြီး၊ရေလျှံနေချိန် မန္တလေးမြို့တွင် တစ်ရက်တည်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်​ဖြစ်ပွားခဲ့သည်။

ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မန္တလေးမြို့၊ အမရပူရမြိ့နယ်၊ တောင်ကိုင်းကျေးရွာအနီး၌ အင်ဂျင်ဝိုင်သိုလှောင်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ ညနေ ၆ နာရီခွဲခန့်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက်အမှတ် H-၁၉၆၊ ၁၃၉လမ်းနှင့် ၆၁လမ်းအနီး၌ စက်ရုံတစ်ခု မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့ပြီး တစ်နာရီကျော်ကြာ လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မီးညွန့်​ကျိုး မီးငြိမ်းသတ်နိုင် သွားပါပြီ။ လက်ကျန် မီးလေးတွေတော့ ငြိမ်းနေဆဲပါ။ ပါကင်တိပ် စက်ရုံ မီးလောင်တာလို့ သိရပါတယ်။”ဟု မီးလောင်ကျွမ်းရာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုနှစ်ခု၏ မီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရှိရသေးပေ။

အလားတူ မန္တ လေးတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင်လည်း ရေကြီး၊ရေလျှံမှု ဖြစ်ပွားခဲ့ပြီး ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ ဝမ်းတွင်းနှင့် ရမည်းသင်းမြို့နယ်များတွင် ရေဘေးသင့်ပြည်သူ သုံးသောင်းမှ တစ်သိန်းထိ ရှိနိုင်ကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။