Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းစာရင်းပါတဲ့နေအိမ်တွေကို စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက စောင့်ကြည့်နေ

မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့ စာရင်းပါတဲ့ နေအိမ်တွေကို စစ်ကောင်စီ အုပ်ချုပ်ရေး ပိုင်းက စောင့်ကြည့်ပြီး စစ်မှုမထမ်းဘဲ တိမ်းရှောင်ရင် အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးနန်းတွင်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရပုံ ( ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့ စာရင်းပါတဲ့ နေအိမ်တွေကို စစ်ကောင်စီ အုပ်ချုပ်ရေး ပိုင်းက စောင့်ကြည့်ပြီး စစ်မှုမထမ်းဘဲ တိမ်းရှောင်ရင် အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်မှုထမ်း စာရင်းမှာပါဝင်တဲ့ လူငယ်တွေ ရှိရာ နေအိမ်တွေကို စစ်ကောင်စီရဲ့ ရပ်ကျေး အုပ်ချုပ်ရေးပိုင်းက စောင့်ကြည့်တာဖြစ်ပြီး စာရင်းပေါက်လူငယ်ကို နေအိမ်မှာတွေ့ရင် ချက်ချင်းလာရောက်ခေါ်ဆောင် တာတွေရှိနေတာပါ။

Public Service Announcement

Public Service Announcement

” အိမ်မှာတွေ့တာနဲ့ ချက်ချင်းခေါ်ပြီး နန်းတွင်းထဲတန်းပို့တာ၊ အားလုံးနီးပါးက မလိုက်ချင်ကြတော့ ရှောင်နေတာပေါ့ ” ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦးကပြောပြပါတယ်။

စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းဖို့ ဆန္ဒမရှိတာကြောင့် ရှောင်တိမ်းကြသူတွေ များလာချိန်မှာ စစ်ကောင်စီ ရပ်ကျေး အုပ်ချုပ်ရေးပိုင်းက ခြိမ်းခြောက်လာတယ်လို့သိရပါတယ်။

စစ်မှုထမ်း စာရင်းထဲပါတဲ့ သူကို ရပ်ကွက်ရုံးဆီ လာရောက်ပို့ဆောင်ကြဖို့နဲ့ တိမ်းရှောင်နေရင် စစ်မှုထမ်းဉပဒေနဲ့ အရေးယူမယ်ဆိုတာ ခြိမ်းခြောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါအပြင် မန္တလေးမှာ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီး ပြီး စစ်ထဲ ထည့်တာတွေ လည်းရှိနေပါတယ်။

မန္တလေးမှာ လမ်းမှာတွေ့တဲ့ လူငယ်တွေကိုအတင်းအဓမ္မ ခေါ်ဆောင် ပြီးစစ်ထဲ ထည့်တာကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ပေါက်ကိုယ်တော် ကိုယ်တိုင် ဝန်ခံထားတာရှိပါတယ်။

မန္တလေးဟာ စစ်ရေးအရ ခြိမ်းခြောက်ခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတင် မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ်ထဲမှာ တိုက်ပွဲ တွေ ဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook