Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ဦးဒဏ်ရာရ

မန္တလေးမြို့တွင် ယနေ့နံနက်က အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

​အဆောက်အဦးပြိုကျပြီးနောက် ပိတ်မိသူများအား ကယ်ဆယ်နေစဥ်။ဓါတ်ပုံ-Than Htay၊ MFSD

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် ယနေ့နံနက်က အဆောက်အဦးဟောင်းပြိုကျပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ စက်တင်ဘာ၂၄ရက် နံနက်၂နာရီခန့်က မန္တလေးမြို၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀၊ ၈၆လမ်းနှင့် ၈၇လမ်းကြားတွင် ၂ထပ် အဆောက်အဦးတစ်ခုပြိုကျခဲ့ရာ အမျိုးသား၂ဦး၊ အမျိုးသမီး၃ဦး စုစုပေါင်း ၅ ဦး ပိတ်မိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

ပိတ်မိသူများအား တစ်နာရီနီးပါး ကယ်ထုတ်ခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

“လက်ရှိ လူနေအဆောက်ဦးအဟောင်းပြိုတာ။ အပေါ်ထပ်က ပြိုကျတာ။အဲတိုက်က နှစ်ပေါင်းများစွာကြာပြီ။အဲထဲနေထိုင်တဲ့အိမ်‌ေထာင်စုတွေကအများကြီး။”ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများ၏ အသေးစိတ်အချက်အလက်များအား မသိရသေးပေ။

မကွေးတိုင်း၊ မင်းဘူးမြို့တွင်လည်း သြဂုတ် ၃ ရက်နေ့က ဆောက်လက်စအဆောက်အဦးပြိုကျမှုဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။