Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ အဆောက်အဦးဟောင်းပြိုကျမှု အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေး နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

မန္တလေးမြို့ရှိ ချစ်တီးဘုရားကျောင်းဟောင်း အဆောက်အဦးပြိုကျမှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေး နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။

​အဆောက်အဦးပြိုကျပြီးနောက် ပိတ်မိသူများအား ကယ်ဆယ်နေစဥ်။ဓါတ်ပုံ-VOMDY

အင်ကြင်း/People’s Spring

မန္တလေးမြို့ရှိ ချစ်တီးဘုရားကျောင်းဟောင်း အဆောက်အဦးပြိုကျမှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေး နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့(စက်တင်ဘာ၂၄ရက်) နံနက်၂နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ချစ်တီးဘုရားကျောင်းဟောင်း အဆောက်အဦး ပြိုကျခဲ့ရာ ပိတ်မိသူများအား ၁နာရီနီးပါး ကယ်ထုတ်ခဲ့ရကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

Public Service Announcement

Public Service Announcement

ပြိုကျမှုကြောင့် အသက်(၅၀)အရွယ်ခန့်ရှိ ဒေါ်စန်းကြင်ဆိုသူအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေး နှစ်ဦးနှင့် လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ပြောသည်။

ထို့အပြင် ဒဏ်ရာရသူများအနက် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

“လက်ရှိ လူနေအဆောက်ဦးအဟောင်းပြိုတာ။ အပေါ်ထပ်က ပြိုကျတာ။အဲဒီချစ်တီးတိုက်က နှစ်ပေါင်းများစွာကြာပြီ။အဲထဲနေထိုင်တဲ့ အိမ်‌ထောင်စုတွေက အများကြီး။”ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ပြိုကျခဲ့သည့်အဆောက်အဦးမှာ ယခင်က ချစ်တီးဘုရားကျောင်းဖြစ်ပြီး အဆိုပါဘုရားကျောင်းအဟောင်းအတွင် လက်ရှိ အိမ်ထောင်စုအချို့ စုပေါင်းနေထိုင်နေကြခြင်းဖြစ်ကြောင်း၊ စုစုပေါင်း လူလူဦးရေ ၅၀ခန့် နေထိုင်နေကြကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင်မူ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စည်ပင်ဝန်ထမ်းများ ရောက်ရှိလာပြီး အဆောက်အဦးတစ်ခုလုံးအားဖြိုချရန်စီစဥ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန်နှင့်မတရားသဖြင့် လက်လွတ်စပယ် ဖမ်းဆီးထားသူများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကိုကနေဒါ တောင်းဆို

သတင်း

မန္တလေးကရပ်ကွက်တွေမှာ ဧည့်စာရင်းအကြောင်းပြပြီး အမျိုးသားအချို့ကို ဖမ်းဆီးကာ စစ်တပ်ထဲ အဓမ္မဝင်စေတဲ့ ဖြစ်စဉ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာအတွင်း စစ်မှုထမ်းရန်အတွက် လူငယ် ၅၀ကျော် ဖမ်းဆီးခံရကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် Voice Of Mandalay က ပြောသည်။

သတင်း

မန္တလေးပြည်သူ့ဆေးရုံရှိ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ၌ မီးလောင်မှုဖြစ်ခဲ့ရာ မိနစ် ၂၀ကျော်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ကအသိပေးထားသည်။

Facebook