Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ပြည်သူနှစ်ဦး သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြေတိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

SONY DSC

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြေတိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ အဲရွာတွေမှာက ကာကွယ်ရေးရဲဘော်တွေလည်းမရှိဘူး။ ပြည်သူတွေပဲရှိတာကို ချသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ်အချို့လည်းပျက်စီးပြီး နွားနှစ်ကောင်ပါ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာရွာကိုလည်း စစ်ကောင်စီတပ်က စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်က ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပထမရက်တိုက်ခိုက်မှုအတွင်း ပြည်သူ ၁၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများ၊ စစ်ကောင်စီယာဥ်များ မကြာခဏတိုက်ခိုက်ခံရပြီး စစ်အုပ်စုထိခိုက်မှုရှိခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းအနီးတွင် စစ်အုပ်စုယာဥ်တိုက်ခိုက်ခံရပြီး ယာဉ်ပေါ်ပါ စစ်ကြောရေးမှူးနှင့် ရဲ တပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ) အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်အတွင်း အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။