Connect with us

Hi, what are you looking for?

သတင်း

ဂမုန်းရေလှောင်တမံမကျိုးပေါက်စေရန် စောင့်ကြည့်ထိန်းသိမ်းနေ၍ ပြည်သူများမစိုးရိမ်ရန် PDF အသိပေး

မိုးသည်းထန်စွာရွာပြီးနောက် အုတ်ဖိုမြို့နယ်နှင့်ထိစပ်နေသော ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံရေလျှံခဲ့ရာတမံကျိုးပေါက်မှု မရှိစေရေးလုပ်ဆောင်ခဲ့ပြီးတမံကြံ့ခိုင်မှုအား စစ်ဆေးနေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။

ဂမုန်း​ရေ​​​​လှောင်တမံကို ​စောင့်ကြပ်စစ်​ဆေး​နေ​သော PDF များနှင့် ​တမံမှ​ရေများရေစီး​​ကောင်းရန် အမှိုက်များရှင်းလင်းစဥ်။ ဓါတ်ပုံ-သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄

မိထက်/People’s Spring

မိုးသည်းထန်စွာရွာပြီးနောက် အုတ်ဖိုမြို့နယ်နှင့်ထိစပ်နေသော ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံရေလျှံခဲ့ရာတမံကျိုးပေါက်မှု မရှိစေရေးလုပ်ဆောင်ခဲ့ပြီးတမံကြံ့ခိုင်မှုအား စစ်ဆေးနေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း၌ ယခုလပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဂမုန်းရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်အထက် ရောက်ရှိကာ တမံကျိုးပေါက်နိုင်သည့် အခြေအနေကို ရောက်ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် တမံကျိုးပေါက်မှု မရှိစေရေးအတွက် ပင်မရေထိန်းတံခါးမှ ထိန်းညှိ၍ ရေလွှတ်ခြင်း၊ ရေပိုလွဲမှ ရေစီးဆင်းမှုကောင်းစေရန် အမှိုက်ရှင်းခြင်း၊ တမံကြံ့ခိုင်မှုအား စစ်ဆေးခြင်းများ နေ့ညမပြတ်လုပ်ဆောင်လျှက်ရှိသည်ဟု အသိ​ပေးထားသည်။

စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက ပြည်သူ့အသက် အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေသည့်အတွက် ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေရန် ထိန်းသိမ်းဆောင်ရွက်နေသောကြောင့် ပြည်သူများ မစိုးရိမ်ကြရန် အသိပေးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။

“စစ်ကောာင်စီထိန်းချုပ်တဲ့နေရာတွေက ဆည်တွေကိုတော့ သူတို့(စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ) ရေတွေ ဒလဟောဖောက်ချတာ။ ဂမုန်းရေလှောင်တမံကတော့ PDF ‌တွေထိန်းထားတာ ဟုတ်တယ်။ ရေအရမ်းမလွှတ်လို့ ကျေးဇူးတင်ရတယ်” ဟု အုပ်ဖိုမြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များသည် အုတ်ဖိုမြို့နယ်၊ အေးမြသာယာရဲစခန်းမှ စခန်းမှူး ရဲအုပ်‌ဇော်ဝင်းနှင့် ရဲသတင်းပေးတဦးကို စက်တင်ဘာလ ၁၆ရက်တွင် ရဲစခန်းအနီး ၌ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ပြည်သူများ နှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေကြသည့် စစ်​ကောင်စီနှင့် စစ်​ကောင်စီထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါထောက်တိုင်များအနီး ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ