Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ် မီးတင်ရှို့

မန္တလေးမြို့ ၊မတ္တရာမြို့နယ်ထဲက သုံးဆယ်ပေးကျေးရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် အနီး တဝိုက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊မတ္တရာမြို့နယ်ထဲက သုံးဆယ်ပေးကျေးရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် အနီး တဝိုက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

သုံးဆယ်ပေးရွာဟာ ဧရာဝတီမြစ်ဘေးမှာ တည်ရှိပြီး မန္တလေး မြို့ပေါ်နဲ့တော့ ၁၀ မိုင်ကျော်ဝေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရွာမှာ စက်တင်ဘာလ ၂၁ ရက်မနက်ပိုင်းကတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီက ရွာ မှာ PDF တွေ ခိုအောင်းနေတာလို့စွပ်စွဲထားပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် သုံးဆယ်ပေးရွာ ကိုစစ်ကောင်စီတပ်က စီနင်းခဲ့သလို အနီးတဝိုက်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မီးတင်ရှို့သွားတာ ဘာမှကိုမကျန်ဘူး”လို့ သုံးဆယ်ပေးရွာ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

မီးတင်ရှို့ခံရတဲ့ရွာတွေဟာ သုံးဆယ်ပေးရွာအပါအဝင် ကုန်းတန်းကြီး ၊ ကုန်းတန်းလေး ၊ ဆူးလေကုန်းရွာ တွေဖြစ်ပြီး ဧရာဝတီမြစ်ဘေးမှာ တည်ရှိကြတာပါ၊

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးပြီး ရွာမီးရှို့တဲ့ရန်ကြောင့် လူဦးရေ တစ်ထောင်နီးပါး စစ်ရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က သုံးဆယ်ပေးရွာမှာ တပ်အထိုင်ချထားတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook