Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့နယ် မုတ်စီကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ်အတွင်းက မီးရှို့ဖျက်ဆီးခံရသော မုတ်စီကျေးရွာရှိ နေအိမ်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ၂၆ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က ရေဦးမြို့ပေါ်မှလာသော အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မုတ်စီကျေးရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးနေ၍ မုတ်စီရွာအပြင် အနီးဝန်းကျင်ရှိကျေးရွာများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ခုတော့ စခတွေပြန်ထွက်သွားပါပြီ။ မီးရှို့ဖျက်ဆီးပြီးတော့။ အိမ်ခြေအရေအတွက်ကတော့ စုံစမ်းဆဲပါ။တိုက်ပွဲလည်းမရှိပါဘူး။ တမင်သက်သက်မီးဝင်ရှို့တာပါ။”ဟု အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်ကလည်း မုတ်စီကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မုတ်စီရွာသည် အိမ်ခြေ ၃၇၀ နီးပါးရှိပြီး ရေဦး-ဒီပဲယင်းလမ်းပေါ်တွင်တည်ရှိကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က မကြာခဏ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတစ်ရွာဖြစ်သည်။

စစ်​ကောင်စီအာဏာသိမ်းကာလအတွင်း ၂၀၂၄ ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝှမ်း အိမ်ခြေပေါင်း ၁၀၁,၄၆၃ လုံး ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ ၇၃,၁၁၄ လုံး ပျက်စီးခဲ့ကာ တစ်နိုင်ငံလုံး၏ ၇၂ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။