Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင် ဘုရားဆင်းတုတော်များ ခေါင်းဖြတ်ထားသည့်ဖြစ်ရပ် ကျူးလွန်သူများအားရှာဖွေပြီး ပြင်းထန်သောပြစ်ဒဏ်ပေးမည်ဟု KNDF သတိပေး

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိစေတီတစ်ဆူရှိ ဘုရားဆင်းတုတော်များအားလုံး ခေါင်းဖြတ်ထားသည့်ဖြစ်ရပ် ကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်သောအပြစ်ပေးမှုကို ချမှတ်သွားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့ည သတိပေးထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိစေတီတစ်ဆူရှိ ဘုရားဆင်းတုတော်အား ခေါင်းဖြတ်ထားစဉ်။ ဓာတ်ပုံ - KNDF

ဒီးဒီ/People’s Spring

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိစေတီတစ်ဆူရှိ ဘုရားဆင်းတုတော်များအားလုံး ခေါင်းဖြတ်ထားသည့်ဖြစ်ရပ် ကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်သောအပြစ်ပေးမှုကို ချမှတ်သွားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့ည သတိပေးထုတ်ပြန်သည်။

လအိကျေးရွာရှိ ဘုရားစေတီတစ်ဆူမှ ဘုရားဆင်းတုတော်များ ခေါင်းဖြတ်ခံရသည့် ဗီဒီယိုတစ်ခုသည် ယနေ့ (အောက်တိုဘာ ၂ရက်)တွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ် ပျံ့နှံ့လျက်ရှိပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်​၏ စစ်ဗျူဟာအမှတ်(၁)နှင့် စစ်ဗျူဟာအမှတ်(၈)တို့က ဖြစ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်မြတ်ထားကိုးကွယ်ရာ ဘုရားဆင်းတုတော်များကို ယခုကဲ့သို့ ဆိုးရွားစွာ ဖျက်ဆီးခြင်းမှာ တော်လှန်ရေးအားကောင်းသော ကရင်နီပြည် နယ်မြေ၌ နိုင်ငံရေး၊ ဘာသာရေးအထိကရုဏ်းကို ဦးတည်စေရန် ဖန်တီးလုပ်ဆောင်နေခြင်းဟု KNDFက ဆိုသည်။

ထို့ကြောင့် လအိကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်ခံများနှင့်ပူးပေါင်းကာ ဖြစ်ရပ်ကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန် သောအပြစ်ပေးမှုကို ချမှတ်ဆောင်ရွက်သွားပါမည်ဟု ထပ်မံ အသိပေးထားသည်။

ကရင်နီပြည်နယ်အတွင်း အရပ်သားအသွင်းယူထားသည့် စစ်ကောင်စီတပ်သားများနှင့် သတင်းပေးများ စိမ့်ဝင်နေပြီး လေကြောင်းပစ်မှတ် အတည်ပြုပေးခြင်းနှင့် လူမျိုးရေး၊ ဘာသာရေး ပြသာနာဖန်တီးမှုများပါ လုပ်လာကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက ထိုးစစ်ဆင်ဝင်ရောက်နေသည့် ကာလနှင့်တိုက်ဆိုင်နေပြီး စစ်ကောင်စီက မြေပြင်သတင်းအချက်အလက်ရယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဒေသခံအချို့က​ပြောသည်။

“ဒီနေ့ ဖယ်ခုံမြို့ရဲ့အနောက်ဘက်က လအိကျေးရွာ တောင်ထိပ်ဘုရား တည်ထားကိုးကွယ်တဲ့ တောင်ပေါ်က ဘုရားအဆူတိုင်း ဦးခေါင်းတော် ဖြတ်ခံရတာတွေ့ရတယ်။ ဘာသာရေးသွေးခွဲမှုနဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုဖြစ်ဖို့ များတယ်။ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့လ စက်တင်ဘာ ၅ ရက်နေ့က လအိကျေးရွာက စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတာရှိခဲ့တယ်။အဲဒါပြီးကတည်းက ရွာခံတွေအကုန်လုံးက စစ်ရှောင်နေကြရတာ။အရင်ကတစ်ခါမှ မဖြစ်ခဲ့ဘူး”ဟု ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် ဖယ်ခုံမြို့နယ်သို့ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)နှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးနေပြီး ပအိုဝ်းလူမျိုးများအား အထက်ပါဖြစ်စဥ်အကြောင်းပြ၍ စစ်တိုက်ခိုင်းရန် စစ်ကောင်စီက ကြံစည်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်သည်။

နွေဦး​တော်လှန်​ရေးတွင်ပါဝင်​နေ​သော ပအိုဝ်လူငယ်တစ်ဦးကလည်း “ကရင်နီနဲ့ပအိုဝ်းက မျိုးနွယ်စုတခုတည်းကသူတွေဖြစ်တယ် နှစ်ပေါင်းများစွာချစ်ခင်ရင်းနှီးစွာနေလာတယ် ဒါကိုသွေးခွဲဖို့ စစ်ကောင်စီရဲ့ တခုတည်းသောနည်းလမ်းက ဘာသာရေးနဲ့မှိုင်းတိုက်ရန်တိုက်ပေးဖို့ဖြစ်တယ် ၊ အခုလည်း လအိမှာက စစ်ကောင်စီ ဗုံးကြဲလို့ ပြည်သူတွေက စစ်ရှောင်နေရတဲ့အချိန် စစ်ကောင်စီလက်ပါးစေတွေက ဘာသာရေးနဲ့ မှိုင်းတိုက် သွေးထိုးတဲ့ လုပ်ရပ်ကို လုပ်လာတာဖြစ်တယ်။ အရင် ပင်လောင်းမြို့နယ် နမ့်နိန်းအစုလိုက်သတ်ဖြတ်မှုစတာတွေကလည်း ပအိုဝ်းနဲ့ကရင်နီကြားကို ဘာသာရေးမှိုင်း လူမျိုးရေးမှိုင်းနဲ့ သွေးခွဲနေတာဖြစ်ပါတယ်၊ အခု လအိမှာဖြစ်တဲ့ လုပ်ရပ်ကလည်း အဲ့ဒီလိုရည်ရွယ်ချက်နဲ့ လုပ်သွားတာဖြစ်ပါတယ်၊ ဒါတွေကို သတိကြီးကြီး ထားပြီး ဘာသာအသီးသီး လူမျိုးအသီးသီးက ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ယုတ်မာတဲ့ အကြံအောက်မှာ မကျရောက်ဖို့ သတိပြုကြဖို့လိုပါတယ်”ဟု ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။