Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့မရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်က ရမ်းပစ်၍ ကောက်စိုက်သမားတစ်ဦး သေဆုံး

ရေဦးမြို့မရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ရေဦးရဲစခန်းလိုင်းခန်းမီး​လောင်နေစဥ်။ ဓာတ်ပုံ - ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း-ရေဦးPDF

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက် ပြီး နောက်တစ်ရက်တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ ကောက်စိုက်နေသည့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၂ ရက်) နေ့လယ် ၂နာရီခွဲခန့်က ရေဦးမြို့မရဲစခန်းအား ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDFအဖွဲ့က Fixed Wing Drone များဖြင့် ဗုံးသီး ၆လုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းလိုင်းခန်းပေါ် ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပေါက်ကွဲမှုကြောင့် စစ်အုပ်စုဝင် လေးဦးပြီး သေဆုံး ၆ဦး ဒဏ်ရာရရှိကာ လိုင်းခန်းမီးလောင် ပျက်စီးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“လိုင်းခန်းနှစ်ခန်းတွဲက လုံးဝကိုပျက်စီးသွားတယ်။”ဟု ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် သော်လည်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းက ဆိုသည်။

သို့သော် ယနေ့(စက်တင်ဘာ ၃ ရက်) နံနက်ပိုင်းတွင်မူ ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေဦးမြို့အနောက်ခြမ်းရှိ သံသည်ကျေးရွာမှ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သံသည်ရွာက ကောက်စိုက်မတစ်ဦး လယ်ထဲအလုပ်လုပ်နေတဲ့အချိန် ဦးခေါင်းမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေဦးမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်၍ ပြည်သူများ ထိခိုက်သေဆုံးမှု လစဥ်ရှိနေပြီး ရေဦးမြို့နယ်အပြင် ဒီပဲယင်းမြို့ရှိ ကျေးရွာများသို့ပါ လက်နက်ကြီးကျည်များ မကြာခဏကျရောက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ၂၆ရက်ကလည်း ရေဦးမြို့ပေါ်မှလာသော အင်အား ၁၂၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မုတ်စီကျေးရွာ မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျေးရွာများထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။