Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် စက်တင်ဘာအတွင်းစစ်မှုထမ်းရန် လူငယ် ၅၀ကျော် ဖမ်းဆီးခံရ

မန္တလေးမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာအတွင်း စစ်မှုထမ်းရန်အတွက် လူငယ် ၅၀ကျော် ဖမ်းဆီးခံရကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် Voice Of Mandalay က ပြောသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာအတွင်း စစ်မှုထမ်းရန်အတွက် လူငယ် ၅၀ကျော် ဖမ်းဆီးခံရကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် Voice Of Mandalay က ပြောသည်။

စ​က်တင်ဘာအတွင်း မန္တလေးမြို့နယ်အသီးသီးရှိ လူငယ်အမျိုးသားများအား ဧည့်စာရင်းစစ်ဆေးခြင်း၊ လမ်း၌ စစ်ဆေးခြင်း၊ စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်း အစရှိသည့်အကြောင်းပြချက်အသီးသီးဖြင့် စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် Voice Of Mandalay အဖွဲ့၏ ထုတ်ပြန်သည့်စာရင်းများအရ မန္တလေးမြို့ ၆ မြို့နယ်၊ စဥ့်ကိုင်နှင့် ပလိပ်မြို့နယ်များမှ စက်တင်ဘာအတွင်း ဖမ်းဆီးခံရသူလူငယ် စုစုပေါင်း ၅၅ ဦးရှိသည်ဟု ဆိုသည်။

“နယ်ကလာအလုပ်လုပ်တဲ့ ဆောက်လုပ်ရေးဆိုက်ထဲက အလုပ်သမားတွေကိုပါ ဖမ်းတာ။ ဧည့်စာရင်းလည်း တိုင်ထားတာကို စစ်မှုထမ်းဆိုပြီး လာခေါ်သွားတာ။”ဟု ချမ်းမြသာစည်မြို့နယ်နေထိုင်သူတစ်ဦးက ပြောသည်။

သို့သော် မြေပြင်တွင် အဆိုပါအရေအတွက်ထက် ပိုများနိုင်ကြောင်း မြို့ခံအချို့က ပြောသည်။

ထို့အပြင် တံတားဦးမြို့နယ်မှ လူငယ်အများအပြားလည်း စစ်မှုထမ်းရန် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တံတားဦးမြို့နယ်မှ လူငယ်တစ်ရာကျော် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သေးသည်။

မန္တလေးအပြင် စစ်ကိုင်းတိုင်းမြို့နယ်အချို့တွင်လည်း စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများ ရှိနေသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ်(၅)အား စတင်နေပြီး မကြာမီ အပတ်စဥ် (၆) သင်တန်းအတွက် လူစုနေခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၄ နှစ်က စစ်အစိုးရ ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပ‌ဒေကို ​ဖေ​ဖော်ဝါရီလ ၁၀ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက် ၁၈နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်။

နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ​သေဆုံးဒဏ်ရာရသူ ၊ ထွက်​ပြေးသူ ၊လက်နက်ချသူ ၊​တော်လှန်​ရေးအဖွဲ့များထံအလင်းဝင်သူစသဖြင့် စစ်​ကောင်စီ တပ်အင်အား နည်းလာ​သော်လည်း စစ်တပ်ထဲ ဝင်လိုသူ နည်းလာ​သော​ကြောင့် စစ်​ကောင်စီက ၎င်းတို့အသက်ဆက်နိုင်​ရေး စစ်မှု မထမ်းမ​နေရ ဥပ​ဒေဖြင့် လူငယ်များကို စစ်တပ်အတွင်းဝင်ရန် ကြံစည်လာခြင်းဖြစ်​ကြောင်း နိုင်ငံ​ရေး ၊စစ်​ရေး​လေ့လာသူများက သုံးသပ်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။