Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ကြီး အသတ်ခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂ ရက်က တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ၎င်းနေအိမ်သို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(စက်တင်ဘာ၃ရက်) နံနက်ပိုင်းတွင် အုပ်ချုပ်ရေးမှူး ဦးကုလား၏ ရုပ်အလောင်းအား ညောင်ပင်သာကျေးရွာအဝင်လမ်းဘေး၌ တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တံတားဦးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများသည် စစ်မှူထမ်းရန်လူငယ်များအား လစဥ် ရှာဖွေပေးလေ့ရှိကြောင်း တံတားဦးမြို့ခံများက ဆိုသည်။

“ကျွန်တော်တို့တံတားဦးက တအားအခြေအနေ ဆိုးတယ်။ စစ်မှုထမ်းဖို့လည်း ခဏခဏဖမ်းတယ်။ နိုင်ရာဖိတာ။ ပြီးတော့ လေကြောင်းပစ်ပြီဆိုလည်း တံတားဦးကတက်လာတဲ့လေယာဥ်ဆိုပြီး နာမည်ဆိုးကြီး ကျန်ခဲ့တယ်။”ဟု တံတားဦးဒေသခံလူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်နှင့် စက်တင်ဘာအတွင်းကလည်း တံတားဦးမြို့နယ်မှ လူငယ် ၁၀၀ကျော် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သေးသည်။

တံတားဦးမြို့နယ်သည် စစ်ရေးအရပြင်းထန်နေသော မြင်းခြံခရိုင်​အတွင်းရှိ ဒေသများနှင့် နယ်မြေချင်းထိဆက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။