Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတွင် ၈လအတွင်း စစ်ကောင်စီတပ်သား ၁၀ဦး အလင်းဝင်

ကောလင်းမြို့ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်သည့်နောက်ပိုင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၀ဦးရှိလာပြီဖြစ်ပြီး နောက်ထပ်အလင်းဝင်လာမည့်သူများအား ကြိုဆိုကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကောလင်းခရိုင်တပ်ရင်း၂

လူအေး/People’s Spring

ကောလင်းမြို့ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်သည့်နောက်ပိုင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၀ဦးရှိလာပြီဖြစ်ပြီး နောက်ထပ်အလင်းဝင်လာမည့်သူများအား ကြိုဆိုကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

ကောလင်းမြို့ကို အမှတ် (၁)စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ ၃ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၆ရက်တွင် သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီ ၄ရက်နံနက်ကစ၍ စစ်ကြောင်းထိုးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲကာ မြို့ကိုပြန်လည်ထိန်းချုပ်ခဲ့သည်။

ထိုအချိန်မှစ၍ ၈လခန့်အတွင်း စစ်ကောင်စီတပ်သား ၁၀ဦး အလင်းဝင်လာခြင်းဟု ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။ လက်နက်ဖြင့်အလင်းဝင်လာသူ ၆ဦး၊ လက်နက်မပါဘဲ အလင်းဝင်လာသူ ၄ဦး ရှိပြီဟု ဆိုသည်။

ကောလင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ဖြင့် အလင်းဝင်လာပါက ကျပ်သိန်း ၃၀ချီးမြှင့်မည်ဖြစ်ပြီး ဘေးကင်းရာတွင် လုံခြုံစွာထားရှိမည်ဟု ကောလင်းခရိုင်တပ်ရင်း(၂)က အသိပေးထားသည်။

ကောလင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက စက်တင်ဘာ ၃၀ရက်နံနက်တွင် လေကြောင်းတိုက်ခိုက်ရာ အရပ်သားပြည်သူ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်မှ ဝန်ထမ်းများအနေဖြင့် ပြည်သူရင်ခွင်ခိုလှုံကြရန် ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern YSO PDF)က တိုက်တွန်းထားသည်။

သတင်း

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲနှင့် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ရေးတင်းမာနေစဉ် မြို့ပေါ်၌ တာဝန်ကျနေသည့် ပျူစောထီးတစ်ဦးသည် သေနတ်သုံးလက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံ အလင်းဝင်လာခဲ့သည်။