Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ် ကျောက်ကန်ပျူစောထီးရွာစခန်းအား တော်လှန်ရေးတပ်များ သိမ်းယူ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးရွာစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ်သိမ်းယူခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

ကျောက်ကန်ပျူရွာအား တိုက်ခိုက်နေစဥ်

​အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးရွာစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ်သိမ်းယူခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၇ရက် နံနက် ၅ နာရီခွဲခန့်ကစ၍ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီး ကျေးရွာအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

Public Service Announcement

Public Service Announcement

နံနက် ၁၁နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-အနောက်မြောက်စစ်ဒေသ(အမှတ် ၈၁၅ တပ်ဖွဲ့)က အောက်တိုဘာ၈ရက်တွင် အသိပေးသည်။

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ကာကွယ်ရေးအဖွဲ့များက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။

“တိုက်ပွဲက သိရသလောက် အခြေအနေကောင်းတယ်။”ဟု မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီက လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ထို့အပြင် ကျောက်ကန်ပျူရွာသို့ စစ်ကူလာသည့် ခြေလျင်စစ်ကြောင်းနှင့် ကျောက်ပြုတ်ကျေးရွာမြောက်ဘက်အထွက် ဘုရားကုန်းမှ လက်နက်ကြီးပစ်ကူပေးနေသော စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

“စစ်ကူစစ်ကြောင်းက မြင်းခြံကလာတဲ့ စစ်ကြောင်းပါ။ အထူးသဖြင့် သီတာယုမွန်တပည့်တွေပါပါတယ်။ အင်အားကတော့တစ်ရာလောက်တော့ရှိမယ်။”ဟု Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

အောက်တိုဘာ ၆ ရက် ညကလည်း မြင်းခြံမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီ တပ်သားများအား လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးအားကောင်းသည့် မြင်းခြံခရိုင်၌ စစ်ကြောင်းထိုးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး စက်တင်ဘာအတွင်းက မြင်းခြံခရိုင်ပကဖဒုခေါင်းဆောင် ကိုအီးတီအပါအဝင် ၈ ဦးကို သတ်ဖြတ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ ခြေဆေးရွာအား လေကြောင်းမှ နှစ်ကြိမ် ​ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

သြဂုတ်၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြား တိုက်ခိုက်ခံရပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပါ ပြိုလဲခဲ့သည်။ စစ်ကောင်စီလည်း ကျေးရွာအများအပြားအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဒေသခံပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ဇွန်-၁၀၊ ၂၀၂၆။ရဲခေါင်/People’s Spring “Operation Su “အဖြစ် အညာ‌မြေစစ်ဆင်ရေးဖော်ဆောင်ကာ စစ်တပ်စခန်း နဲ့ ပြည်သူ့စစ်ရွာကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၆၅ ဦးနဲ့ လက်နက်ကြီး၊လက်နက်ငယ် ၆၀ နီးပါး သိမ်းဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ဒီကနေ့ ထုတ်ပြန်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖမ်းဆီး...

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။