Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်တွင် ဘုရားခေါင်းလောင်းအခိုးခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ဘုရားစေတီတစ်ဆူမှ ကြေးခေါင်းလောင်းတစ်ခု အခိုးခံရကြောင်း ဒေသခံများက ပြောသည်။

ခေါင်းလောင်းခိုးယူမခံရမီ။ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ဘုရားစေတီတစ်ဆူမှ ကြေးခေါင်းလောင်းတစ်ခု အခိုးခံရကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည် – မင်းစုမြစ်သားလမ်းပေါ် ငါးမြွေကုန်းကျေးရွာအနီးရှိ အလိုတော်ပြည့်ဘုရားရင်ပြင်မှ ကြေးခေါင်းလောင်းတစ်ခု အောက်တိုဘာ ၇ ရက် ညပိုင်းက ခိုးယူခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ခေါင်းလောင်းခိုးယူခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – CJ

“တန်းကဘာမှမဖြစ်ဘူး။ တန်းကဖြတ်လို့မရတဲ့အပိတ်သားကြီး။ လူ ၅ ယောက်လောက်မှ ရွှေ့လို့ရတာမို့ ကျကျနနကို လူအင်အား၊ သယ်စရာယာဥ်နဲ့ လာခိုးသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါခေါင်းလောင်းမှာ ကြေးပိဿာချိန် ၇၂ပ်ိသာခန့်ရှိပြီး ကာလတန်ဖိုး ကျပ်သိန်း ၄၀ ခန့်တန်ဖိုးရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ၂၀၂၄ ဇန်နဝါရီအတွင်းကလည်း ကျောက်ဆည်မြို့မစျေးရှိ ရွှေဆိုင်နှစ်ဆိုင် တစ်ပြိုင်တည်း ဓါးပြတိုက်ခံရပြီး ကျပ်သိန်း နှစ်ထောင်ကျော် ဆုံးရှုံးခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေး၊ မုံရွာအစရှိသည့်မြို့ကြီးများ၌ပင် ရွှေဆိုင်များ၊ ဘဏ်များ၊ အခြားစီးပွားရေးလုပ်ငန်းများနှင့်အရောင်းဆိုင်များ ဓါးပြတိုက်ခံရခြင်း၊ ခိုးယူဖောက်ထွင်းခံရခြင်းများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်းက ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်တက်မယ့်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မပေးလို့ ကျောင်းသူတွေ အဆင်မပြေဖြစ်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်ရာ သားအမိလေးဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်‌ကြောင့် ပုံစံပျက်သွားသော်လည်း ဖြိုမချဘဲကွန်ကရစ်‌လောင်းထိန်းသိမ်းရန် စစ်ကောင်စီခေါင်းဆောင်က ညွှန်ကြားထားသည့် ‌ကျောက်ဆည်မြို့၊ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်တုံးကြီးသည် ပြိုကျလာမည့်အန္တရာယ်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။