Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် PDFထိန်းချုပ်နယ်မြေသန်းခေါင်စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ဟု MBTတပ်ဖွဲ့ သတိပေး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် နေရာအချို့၌သာ သန်းခေါင်စာရင်းကောက်နိုင်ပြီး PDFထိန်းချုပ်နယ်မြေသို့ စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ပဲခူးတိုင်းရှိ ကျေးရွာတစ်ရွာ၌ သန်းခေါင်စာရင်းကောက်နေသော စစ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် နေရာအချို့၌သာ သန်းခေါင်စာရင်းကောက်နိုင်ပြီး PDFထိန်းချုပ်နယ်မြေသို့ စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကစ၍ သန်းခေါင်စာရင်းကောက်ယူနေရာ မြင်းခြံမြို့နယ်တွင် မြို့ပေါ်နှင့်စစ်ကောင်စီထိန်းချုပ်ရာ ကျေးရွာအချို့၌သာ သန်းခေါင်စာရင်းကောက်နိုင်ကြောင်း၊ အကယ်၍ PDF စိုးမိုးနယ်မြေသို့ သန်းခေါင်စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

“မြင်းခြံမြို့ထဲမှာ သန်းခေါင်စာရင်းကောက်တယ်။ မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုစိုးမိုးတဲ့ ဥပမာပျူစခန်းနှစ်ခုကြားက ရွာတွေပေါ့။အဲလိုရွာမျိုးတွေသန်းခေါင်စာရင်းကောက်တယ်။ PDFစိုးမိုးထိန်းချုပ်ထားတဲ့နေရာတွေတော့ သန်းခေါင် စာရင်းကောက်တာမရှိသေးဘူး။ ဒါပေမယ့်သန်းခေါင်စာရင်းလာကောက်မယ်ဆိုပြီး အသံကြားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ကမတရားဖြစ်မှာစိုးလို့ ခုကတည်းကစာထုတ်ပြန်ထားတာ။ တကယ်လို့လာကောက်ခဲ့လို့ရှိရင် ကျွန်တော်တို့အဆိုးမဆိုနဲ့။ ကျွန်တော်တို့အနေနဲ့သက်ညှာမှာမဟုတ်ဘူးဆိုပြီးထုတ်ပြန်တာပါ။”ဟု ဗိုလ်မိုက်ခဲက ဆိုသည်။

ထို့အပြင် မြင်းခြံခရိုင်အတွင်းရှိ မြို့၊ရွာများတွင် စစ်ကောင်စီ၏ သန်းကောင်စာရင်း ကောက်ယူခြင်းကို ကူညီလုပ်ဆောင်ပေးနေသော မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု MBT တပ်ဖွဲ့က သတိပေးထားသည်။

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများအား ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် မြို့ပေါ်အချို့သာ ပြုလုပ်နိုင်ပြီး လာရောက်ကောက်ယူသူ စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများမှာလည်း အကြောက်တရားများဖြင့် ကောက်ယူနေရသည်ဟု မန္တလေးမြို့ပေါ်နေထိုင်သူအချို့က ပြောသည်။

ထို့အပြင် ဒေသအသီးသီး၌ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဥ်များအား ပါဝင်ပတ်သက်ခြင်းမပြုရန် ကာကွယ်ရေးအဖွဲ့များက သတိပေးထားပြီး ဒေသအချို့၌ သန်းခေါင်စာရင်းကောက်ယူရာတွင်ပါဝင်သူများနှင့်ယာဥ်တန်းများအားတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းများလည်း ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။