Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်တွင် အရပ်ဝတ်နှင့်လာသည့် စစ်သားနှစ်ဦးက PDF ရှေ့ကင်းအားဝင်ပစ်၍ ပစ်ခတ်မှုဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အရပ်ဝပ်ဖြင့်လာသော စစ်ကောင်စီတပ်သားနှစ်ဦးက PDF ရှေ့ကင်းအားဝင်ပစ်၍ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နေပြည်တော် PDF တပ်ရင်း(၉၀၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်ပစ်ခတ်သည့်သေနတ်ကျည် ဖောက်ဝင်ခဲ့သော PDF ရဲဘော်တစ်ဦးလက်ကိုင် ဖုန်းတစ်လုံးကို တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အရပ်ဝပ်ဖြင့်လာသော စစ်ကောင်စီတပ်သားနှစ်ဦးက PDF ရှေ့ကင်းအားဝင်ပစ်၍ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နေပြည်တော် PDF တပ်ရင်း(၉၀၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၁ ရက်)ညနေ ၃ နာရီခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိကျေးရွာတစ်ရွာအနီး ကင်းပွိုင့်ယူထားသည့်နေရာအား အရပ်ဝတ်နှင့်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ရဲဘော်တွေ ရေချိုးနေချိန်စခနှစ်ကောင်ထဲ ဝင်လာပြီး အလစ်ဝင်ပစ်တာ။ အဲ့မှာ လူတို့ပစ်တဲ့ကျည်အချို့ ကျွန် တော်တို့ရဲဘော်တွေဆီ ရောက်တယ်။ ရဲဘော်တစ် ယောက်က ကျည်ထိတာ ဖုန်းခံသွားတော့ အသက်ဘေးလွတ်သွားတယ်။ ရန်သူစခနှစ်ကောင်တော့ လိုက်လံရှင်းလင်းပစ်ခတ်တော့ ပြန်ပြေးသွားတယ်”ဟု တပ်ရင်း(၉၀၁) မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားနှစ်ဦးသည် ၎င်းတို့အထိုင်ချတပ်စွဲထားသော ဆွာမကြီးနှင့် ရွာသစ်ကျေးရွာများဘက်မှ ရောက်ရှိလာခြင်းဖြစ်ပြီး PDF ရဲဘော်များလိုက်လံပစ်ခတ်ခြင်းကြောင့် ၎င်းတို့အထိုင်စခန်းဘက်သို့ ထွက်ပြေးသွားရာ ထိခိုက်မှုရှိ၊ မရှိ မသိရသေးကြောင်း တပ်ရင်း၉၀၁)မှ တာဝန်ရှိသူက ဆက်ပြောသည်။

ဆွာမကြီးနှင့် ရွာသစ်ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာအ ချို့သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများလုပ်ဆောင်နေခြင်းကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရမှုအချို့ရှိနေကြောင်း စုံစမ်းသိရသည်။

“လက်နက်ကြီးနဲ့ပစ်တာ ဒရုန်းကြဲတာကို ရန်သူစဘက်က နေ့စဥ်နီးနီးလုပ်နေလို့ အရပ်သားတွေထိခိုက်မှုရှိပါတယ်။ ထိခိုက်မှုအသေးစိပ်တော့ စိစစ်ဆဲပါ”ဟု တပ်ရင်း (၉၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် နှစ်ဖက်စစ်ရေးလှုပ် ရှားမှုမှာ စောင့်ကြည့်အနေအထားဖြစ်ပြီး ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ခြင်းရှိမရှိ အတိအကျပြောဆိုရန်ခက်ခဲသော်လည်း ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း(၉၀၁) က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။