Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းရဲစခန်းနှင့် ထွေအုပ်ရုံး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ဝမ်းတွင်းမြို့မရဲစခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၁၃ရက်) ညနေ ၄ နာရီခန့်က ဝမ်းတွင်းမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လက်နက်ကြီး ၄လုံးပစ်ခတ်တိုက်ခိုက်ရာ ထွေအုပ်ရုံးဘက်သို့တစ်လုံး၊ ရဲစခန်းဘက်သို့ ၃လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်မသိရသေးဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ဆင်ရေးရဲဘော်များ ပြန်လည် ဆုတ်ခွာစဉ် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပြည်သူများနေထိုင်ရာရပ်ကွက်များသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ညနေက တိုက်ခိုက်မှုအပြီး ဝမ်းတွင်းကူညီရေးကားတချို့ မိတ္ထီလာဆေးရုံဘက်ရောက်ရှိလာကြောင်းVOWမှသတင်းရရှိထားပါတယ်။”ဟု Voice Of Wundwin က ဆိုသည်။

တိုက်စစ်အရှိန်မြင့်တင်နေ၍ ဝမ်းတွင်းမြို့နယ်ရှိပြည်သူများ သတိပြုသွားလာကြရန် Wundwin Township Revolution Force အဖွဲ့က သတိပေးသည်။

ထို့အပြင် ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်က သန်းခေါင်စာရင်းကောက်ယူနေပြီး ပြည်သူများအနေဖြင့် ပူးပေါင်းခြင်းမပြုရန် WTRF အဖွဲ့က ထပ်မံ တိုက်တွန်းထားသည်။

WTRFအဖွဲ့သည် ပြီးခဲ့သည့်ဧပြီအတွင်းကလည်း ဝမ်းတွင်းမြို့နယ်မှ ရဲမှူးဝင်းကျော်သူ အပါအဝင် ရဲ ၄ ဦးလိုက်ပါလာသော ကားတစ်စီးအား မိုင်းဆွဲ တိုက်ခိုက်ရာ မြို့နယ်မှူးအပါအဝင် ၄ဦးလုံး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ‌ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ ယင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေသည်ဟု သတင်းရသောကြောင့် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့​ပေါ်တွင် စစ်ကောင်စီတ​ပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင်နေရာအချို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၁ရက်)နံနက် ၁၁ နာရီခန့်က မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။