Connect with us

Hi, what are you looking for?

သတင်း

အရှေ့ဒဂုံအုပ်ချုပ်ရေးမှူးများ အစည်းအဝေးလုပ်နေသည့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ ယင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေသည်ဟု သတင်းရသောကြောင့် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဩဂုတ်-၁၅၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ ယင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေသည်ဟု သတင်းရသောကြောင့် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ထွေအုပ်ရုံးက စကစရဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် ကူညီပေးနေကြတယ်ဆိုတာ သိထားတဲ့အတွက် ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာပါ။ အရှေ့ဒဂုံအုပ်ကြီးတော်တော်များများ အဲဒီ့ရုံးထဲမှာ အစည်းအဝေး လုပ်နေကြတယ်လို့ သိထားတဲ့အတွက် ကျွန်တော်တို့ရဲဘော်တွေ လှုပ်ရှားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါစစ်ဆင်ရေးကို ဩဂုတ် ၁၅ ရက် ည ၇ နာရီ ၄ဝမိနစ်ခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“လက်ပစ်ဗုံး နှစ်လုံးပူးတွဲပြီး ဖောက်ခွဲခဲ့တာဖြစ်တဲ့အတွက် အသံတော်တော်ကျယ်သလို ထိရောက်မှုအနေနဲ့လည်း ပြင်းထန်နိုင်ပါတယ်။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် YUPAအဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ၎င်းတို့အဖွဲ့အနေဖြင့်လည်း မြို့ပြစစ်ဆင်ရေးများရးကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ပြီး မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်သင့်ပါက ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

“ပြည်သူကိုအဓိကပြောချင်တာကတော့ စကစရဲ့ အဝေးမှာနေဖို့နဲ့ အသံကြားရင် ထွက်မကြည့်ကြပါနဲ့လို့ ၊ စကစတွေက မဲမဲမြင်ရာ ‌ဆွဲနေတာဖြစ်တဲ့အတွက် မဆိုင်တဲ့ပြည်သူတွေ ခွေးဆွဲခံရမှာစိုးလို့ပါ။ ကျွန်တော်တို့ မြို့ပြUG တွေကိုလည်း ဝန်းရံကူညီပေးကြပါဦးလို့ “ဟုအထက်ပါတာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။