Connect with us

Hi, what are you looking for?

သတင်း

မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးအနီး ပစ်ခတ်မှု ဖြစ်

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် မှာ တည်ရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အနီး မနေ့ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် မှာ တည်ရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အနီး မနေ့ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မနေ့ညနေပိုင်း ၅ နာရီခန့်က မင်္ဂလာမန္တလေးအိမ်ရာမှာရှိတဲ့ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး အနီးကနေ ပစ်ခတ်သံတွေ ကြားရတာလို့ မြို့ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အသံက တော်တော်ကိုကျယ်တာ” လို့ ကောင်စစ်ဝန်ချုပ်ရုံး အနီးနေထိုင်သူ မြို့ခံက ပြောပါတယ်။

တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနဲ့ ငုရွှေဝါလမ်းအကြားမှာတည်ရှိတာဖြစ်ပါတယ်။

အနီးမှာ အားကာသိပ္ပံ၊ စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးတို့ရှိပြီး စစ်ကောင်စီကလုံခြုံရေးတင်းကြပ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတည်နေရာမှာ လုံခြုံရေးအချိန်ပြည့်ချထားပြီး ဖြတ်သန်းသွာလာခွင့်တင်းကြပ်ထားတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားမှု အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook