Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချ

မန္တလေး မြို့မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ချုပ်ရုံးကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

မန္တလေး မြို့မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ချုပ်ရုံးကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်အပေါ် အတိအလင်း ထောက်ခံ ရပ်တည်နေတဲ့ တရုတ်အစိုးရကို မြန်မာနိုင်ငံက လူမှုကွန်ရက် သုံးစွဲသူတွေကြား ဆန့်ကျင်ဝေဖန်မှုတွေ မြင့်တက်လာနေသလို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မန္တလေးမှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံးကို လက်လုပ်ဗုံး တစ်လုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ ညနေပိုင်းက လက်လုပ်ဗုံး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် ကောင်စစ်ဝန်ချုပ်ရုံးရဲ့ အဆောက်အအုံ အစိတ်အပိုင်းတချို့အနည်းငယ် ပျက်စီးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက အောက်တိုဘာ ၂၁ ရက်နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အာဏာပိုင်တွေဆီ တရုတ်အနေနဲ့ အတိအလင်း ကန့်ကွက်ထားပြီး ဖြစ်စဉ်အပေါ် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုထားကြောင်း လင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း မြန်မာစစ်တပ်အပေါ် တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့ကို တရုတ်က ဖိအားပေးခဲ့တဲ့ ဖြစ်စဉ်အပြီး မြန်မာနိုင်ငံမှာ တရုတ်အပေါ် သဘောထား ခါးသီးမှုတွေ ပိုမို မြင့်တက်လာနေပါတယ်။

အလားတူ တရုတ် ကောင်စစ်ဝန်ချုပ် ရုံးကလည်း မြန်မာနိုင်ငံရောက် တရုတ်နိုင်ငံသားတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အသင်းအဖွဲ့တွေကို လုံခြုံရေးသတိ ပိုပြီး နိုးနိုးကြားကြား ရှိကြဖို့ တိုက်တွန်းထားကြောင်း လင်က ပြောကြားသွားပါတယ်။

ဩဂုတ်လတုန်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ခြင်းကလည်း တရုတ် အစိုးရဟာ စစ်တပ်ဖက်က အပြည့်အဝ ထောက်ခံရပ်တည်လိုက်ပြီဆိုတဲ့ သဘောမျိုး ဆောင်နေကြောင်း နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကတော့ တရုတ်ရဲ့ ရပ်တည်ချက်ဟာ ဒီမိုကရေစီရေး တိုက်ပွဲဝင်မှုအတွက် ကြီးမားတဲ့ အဟန့်အတား တစ်ခုအဖြစ် ဝေဖန်ထားကြပါတယ်။

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား တိုက်ခိုက်တဲ့ လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ နိုင်ငံခြား​ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။စစ်အုပ်စုဟာ အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဖော်ပြပါတယ်။ NUG ဟာ သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းဖြင့်သာ ဆောင်ရွက်မှာဖြစ်သလို အိမ်နီးချင်းနိုင်ငံများအပါအဝင်နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဉ်တစိုက်ဦးတည်သွားမယ်လို့ ကြေညာပါတယ်။

တရုတ်​ကောင်စစ်ဝန်ရုံးဟာစစ်​ကောင်စီတပ် လုံခြုံ​ရေးများစွာချထားတဲ့​နေရာမှာရှိတာဖြစ်ပါတယ်။

​​​ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုမှာ ​တော်လှန်​ရေးအဖွဲ့များနှင့် တရုတ်ကြားနားလည်မှုလွဲ​အောင်.စစ်​ကောင်စီက ​ထောင်​​ချောက်ဆင်​သောလုပ်ရပ်သာဖြစ်​ကြောင်း မန္တ​လေးမြို့​ပေါ်တွင် စစ်​ကောင်စီတပ်ကိုမကြာခဏတိုက်ခိုက်ခဲ့​သော​တော်လှန်​ရေးတပ်ဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက​ပြောသည်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။