Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါရွာတပ်စွဲထားသောစစ်တပ်ကို တော်လှန်ရေးတပ်များ ပြန်လည်ပိတ်ဆို့ထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဂန့်ဂေါကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ပြန်လည်ပိတ်ဆို့ထားသည်ဟု အဆိုပါစစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)အတွင်း တွေ့ရသော TNLAရဲဘော် လက်နက်ကြီးဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဉ်။ ဓာတ်ပုံ - TNLA

ဒီးဒီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဂန့်ဂေါကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ပြန်လည်ပိတ်ဆို့ထားသည်ဟု အဆိုပါစစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက် က စစ်‌ကြောင်းထိုးဝင်ရောက်လာရာ TNLAဦးဆောင်သော တော်လှန်ရေးတပ်များရှိနေသော ဂန့်ဂေါရွာသို့ ရောက်ရှိလာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့တွင် စစ်ကောင်စီတပ်သားအချို့ နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ဂန့်ဂေါကျေးရွာကြား၌ နယ်ကျွံဝင်လာ၍ တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ သေဆုံးမှုများခဲ့သည်ဟု နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောထားသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အောက်တိုဘာ ၂၇ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသုံးပြီး ဂန့်ဂေါရွာအား စစ်ကြောင်းထိုးလာရာ TNLAဦးဆောင်သော တော်လှန်ရေးတပ်များက ဆုတ်ခွာပေးထားရကြောင်း အဆိုပါစစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

“ဆုတ်ပေးတာ မှန်တယ်။ ဒါပေမယ့် အင်အားတိုးပြီး ပြန်ပိတ်ဆို့ထားပြီ”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က ဂန့်ဂေါကျေးရွာအတွင်း၌ ရှိနေပြီး တော်လှန်ရေးတပ်များက အဆိုပါကျေးရွာအနီးတွင် ရှိနေသည်ဟု ဆိုသည်။

ဂန့်ဂေါရွာအနီးတိုက်ပွဲနှင့်ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်ကွာဝေးသော နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာအနီး၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၉ရက်ကတည်းက စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လက်တလောတွင် ပြင်ဦးလွင်မြို့အတွင်း တည်ငြိမ်နေပြီး ည ၇နာရီနောက်ပိုင်းတွင် မြို့တွင်း နေရာအချို့၌ စစ်ဆေးမှုရှိကြောင်း ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

လက်တလောတွင် နောင်ချိုမြို့၌ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထား၍ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရသေးကြောင်း အခြားဒေသရောက် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၇ရက်ကလည်း နောင်ချိုမြို့နယ် သပြေရေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ အရပ်သားတစ်ဦးသဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။