Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကြပ်

ကောင်စစ်ဝန်ချုပ်ရုံးအနီး လုံခြုံရေးတင်းကြပ်လိုက်သလို ဆိုင်ကယ် ၊စက်ဘီး ဖြတ်သန်းသွားလာခွင့်ကို တားမြစ်လိုက်တယ်လို့သိရပါတယ်။

မန္တလေး ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကြပ်
မန္တလေး ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကြပ်

ဆိုင်းမင်း/ People’s Spring

မန္တလေးမြို့ မင်္ဂလာမန္တလေးအိမ်ရာရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အနီးတဝိုက်ကို စစ်ကောင်စီက ရဲအင်အားအများအပြားချပြီး လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

ကောင်စစ်ဝန်ချုပ်ရုံးအနီး လုံခြုံရေးတင်းကြပ်လိုက်သလို ဆိုင်ကယ် ၊စက်ဘီး ဖြတ်သန်းသွားလာခွင့်ကို တားမြစ်လိုက်တယ်လို့သိရပါတယ်။

“ကားတော့ ​ပေးဖြတ်တယ်။ ဆိုင်ကယ်နဲ့စက်ဘီးလုံးဝမဖြတ်တော့ဘူး၊ ဝင်လာတာနဲ့ ခရာမှုတ်ပြီး တန်းပြန်လှည့်ခိုင်းတာ”လို့ ဒီနေ့ (အောက်တိုဘာ ၃၁ရက်) ညပိုင်းက ဖြတ်သန်းသွားလာခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်၊ စက်ဘီး ဖြတ်သန်းခွင့်မပြုတာကို တရုတ်ကောင်စစ်ဝန်ချုပ်ရုံးနဲ့ ကိုက် ၁၀၀ အကွာ မှာ ဗီနိုင်းချိတ်ဆွဲပြီး သတိပေးတားမြစ်ထားတယ်လို့သိရပါတယ်။

ဒါအပြင် ကောင်စစ်ဝန်ချုပ်ရုံးရှေ့က လမ်းကိုလည်း ကားတစ်စီးသွားသာရုံပဲ ကန့်သတ်ထားလိုက်တယ်လို့ မြို့ခံက ပြောပါတယ်။

အဲဒီလို ကောင်စစ်ဝန်ချုပ်ရုံးရှေ့ ၇၃ လမ်း တလျောက်လုံး အသွားအလာ ကန့်သတ်လိုက်တဲ့အတွက် ၆၈ လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု ကြုံနေရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက် ညနေ ၄ နာရီက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ဗုံးပစ်ခံရပြီး ခေါင်မိုးထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို PDF တွေ တိုက်ခိုက်တာလို့ စွပ်စွဲထားပါတယ်။

NUG အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပျက်ပြားစေမယ့် အကြမ်းဖက်လုပ်ရပ်တွေ ၊ သံတမန်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်တဲ့လုပ်ရပ်တွေကို ကန့်ကွက် ရှုတ်ချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။