Connect with us

Hi, what are you looking for?

သတင်း

ရခိုင်လမ်းကြောင်းကို ပိတ်ရန်ကြိုးစားသည့် စစ်ကောင်စီတပ်နှင့် PDFများ မင်းလှတွင်တိုက်ပွဲဖြစ်

တိုက်ပွဲများအတွင်း၁၁ ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိထားပြီး အတည်ပြုနိုင်ရန်စုံစမ်းဆဲဖြစ်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။

ရခိုင်လမ်းကြောင်းကို ပိတ်ရန်ကြိုးစားသည့် စစ်ကောင်စီတပ်နှင့် PDFများ မင်းလှတွင်တိုက်ပွဲဖြစ်
ရခိုင်လမ်းကြောင်းကို ပိတ်ရန်ကြိုးစားသည့် စစ်ကောင်စီတပ်နှင့် PDFများ မင်းလှတွင်တိုက်ပွဲဖြစ်

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းချိတ်ဆက်ထားသောလမ်းပိုင်းများနှင့်ပုသိမ်-မုံရွာလမ်းပိုင်းကို လာရောက်ပိတ်ဆို့တပ်စွဲသည့် စစ်ကောင်စီတပ်နှင့်အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်တွင် ၁၁ဦးထက်မနည်းသေဆုံးခဲ့သည်။

အောက်တိုဘာလ ၃၀ ရက် နှင့် ၃၁ရက်တွင်မကွေးတိုင်း၊မလွန်တပ်နယ် ကာကွယ်ရေးပစ္စည်းစက်ရုံံ ကပစ(၂) နှင့် ကပစ(၁၀) မှ အင်အား ၁၀၀ခန့်ဖြင့် အထက်မင်းလှမြို့နယ် နှင့် ရခိုင်ပြည်နယ်၊အမ်းမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းများ၊ပုသိမ်-မုံရွာလမ်းပိုင်းတို့ကို လာရောက်တပ်စွဲစဉ် ​​​PDFများ က တိုက်ခိုက်ရာမှတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စိုးမိုးနယ်မြေအား လာရောက်ပိတ်ဆို့သည့် စစ်ကောင်စီတပ်နှင့်အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းဟု အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ ၁ရက်ည၌ သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိမိတို့ ပဒေသာမိုင်းများ၊ဆွဲမိုင်းများထိပြီး သေဆုံး၊ထိခိုက်ဒါဏ်ရာရရှိမှုများပြားခဲ့သည်ဟုဆိုသည်။

ထိုအပြင်အောက်တိုဘာလ ၃၁ ရက်နေ့၊နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် ပုသိမ်-မုံရွာလမ်းမကြီးတလျှောက် လူသားတံတိုင်းအဖြစ် ဖမ်းစီးထားသည့်ပြည်သူများကို အသုံးပြုကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ စစ်ကြောင်းထိုးပြန်ရာမိုင်းကွင်းထဲသို့ထပ်မံ ရောက်ရှိလာ၍ ပဒေသာမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် ထပ်မံတိုက်ခိုက်ဟန့်တားနိုင်ခဲ့သည်ဟု အသိ​ပေးထားသည်။

တိုက်ပွဲများအတွင်း၁၁ ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိထားပြီး အတည်ပြုနိုင်ရန်စုံစမ်းဆဲဖြစ်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။

သေဆုံးရုပ်အလောင်းများနှင့်ဒဏ်ရာရသူများကို ကားဖြင့်သယ်ဆောင်သွားသည်ဟု ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများပြင်းထန်နေပြီး မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်းတို့နှင့်ဆက်စပ်နေသော လမ်းပိုင်းများကို စစ်ကောင်စီကလုံခြုံရေးတိုးမြင့်ထားသည်။

ထိုအပြင်အောက်တိုဘာလ ( ၂၈ ) ရက်နေ့က အမ်း – ပဒါန်းကားလမ်းပိုင်းတွင် အမ်းမြို့နယ်မှပြန်လာသည့် စစ်ကောင်စီယယာဥ်တန်းကို အရှိုချင်းကာကွယ်ရေးတပ်(ACDF )နှင့်မင်းဘူးခရိုင် တပ်ရင်း( ၂ )ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းသေဆုံးခဲ့သည်။

” စစ်တပ်ရဲ့ လှုပ်ရှားတာတွေ ဒီရက် အရမ်းများလာတယ်။ စစ်ကားတွေလည်း များတယ်။ ဟက်စကီးတွေလည်းပျံတယ်။ တိုက်ပွဲဖြစ်တော့မလို ထင်တယ်” ဟု ရခိုင်ရိုးမနှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်မှ ဒေသခံတဦးကပြောသည်။

လတ်တ‌လော၌ အထက်မင်းလှမြို့အတွင်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်၏မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုများကို ဟန့်တားနေရချိန်၌ လက်နက်၊ခဲယမ်းရိက္ခာလိုအပ်ချက်များရှိနေသည့်အတွက် ပြည်သူများအနေဖြင့် လိုအပ်ချက်များအား ထောက်ပံ့ပေးပါရန်အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

Facebook